၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် အားလုံး လွတ်မြောက်ရေး ဆက်လုပ်မယ်
ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် အကျဉ်းထောင် အသီးသီးမှာ ကျခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် အားလုံး အမြန်ဆုံး လွတ်မြောက်ရေး ဆက်လုပ်သွားမယ်လို့ မကြာသေးမီက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
-
2011-11-09 -
-
-
၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း ပြန်လည် လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားများ၏ ဆွမ်းကပ် လှူဒါန်းပွဲ ဖိတ်ကြားလွှာ။
88 Generation Students Group
၂၀၀၇ ခုနှစ် အတွင်း အကျဉ်းချခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင် ၃၇ ဦး အနက် လွတ်မြောက်လာသူ ၁၁ ဦးက ရန်ကုန် စမ်းချောင်း မြို့နယ် တိုက်ကြီး ဓမ္မာရုံမှာ သံဃာတော်တွေကို ဒီကနေ့ ဆွမ်းကပ် လှူဒါန်းရင်း အကျဉ်းထောင်အ သီးသီးမှာ ကျန်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံ အားပေးခဲ့တယ်လို့ မကြာမီက ပြန်လည် လွတ်မြောက်လာသူ စမ်းချောင်း ကိုကိုကြီးက ပြောပါတယ်။
၂၀၀၇ ခု သြဂုတ်လထဲမှာ စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းတွေ ရုတ်တရက် မြှင့်တင်လိုက်တာကြောင့် အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ ကိုယ်စား ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့က စီတန်း လမ်းလျှောက် ဆန္ဒပြခဲ့တာကို စစ်အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးပြီး အနှစ် ၆၀ ကျော် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ပြီး နယ်ဝေးထောင် အသီးသီးကို ပို့ထားခဲ့ပါတယ်။
အဲဒီလို ဖမ်းဆီး ထောင်ချမှု နောက်ပိုင်းမှာတော့ ၈၈ မျိုးဆက် ကျောင်းသား အဖွ့ဲဝင် တချို့ဟာ မြေအောက် လှုပ်ရှားမှု ပုံစံနဲ့ ဆက်လက် လှုပ်ရှားနေခဲ့တာပါ။
စမ်းချောင်း မြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာတော့ ၈၈ မျိုးဆက် ကျောင်းသား အဖွ့ဲ အနေနဲ့ လူထုကြားမှာ တရားဝင် ရပ်တည် လှုပ်ရှားသွားမယ်လို့ ပြောဆိုပါတယ်။
၈၈ မျိုးဆက် ကျောင်းသား ကိုဖြိုးမင်းသိန်း၊ စမ်းချောင်း ကိုကိုကြီး (ခေါ်) ကိုသိန်းသန်ထွန်း၊ ကိုစိုးထွန်းတို့နဲ့ ဆက်သွယ် မေးမြန်းပြီး ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |