လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများရဲ့သဘောထား တစ်စောင်ကို ဒီဇင်ဘာလ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီအတောအတွင်းမှာပဲ ဒီဇင်ဘာ ၁ ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင် မြို့နယ် ရွှေညဝါ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖေါ်မယ့် ပုဂ္ဂိုလ် အယောက် ၂၀ ကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားတွေ ခြွင်းချက်မရှိ လွတ်မြောက်ဖို့၊ ပြည်တွင်းစစ် ရပ်စဲဖို့၊ လူမှုဖွံ့ဖြိုးရေး အလုပ်တွေ တွင်ကျယ်ဖို့ ဖွဲ့စည်းရကြောင်း ကော်မတီပြောခွင့်ရ ပုဂ္ဂိုလ် ကိုသိန်းသန်းထွန်း ခေါ် ကိုကိုကြီး (စမ်းချောင်း) က အာရ်အက်ဖ်အေကို ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ်ကလင်တန်ကို ကတိပေး ပြောဆိုလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ် ဆိုတာကို ကြိုဆိုလိုက်ကြပြီး ဒီကတိကို အမြန်ဆုံး အကောင်အထည် ဖေါ်ဖို့ တိုက်တွန်းလိုက်ကြ ပါတယ်။
ကြေညာချက် ထုတ်ခဲ့တာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုသိန်းသန်းထွန်း ခေါ် ကိုကိုကြီး (စမ်းချောင်း) ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။