ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကို ဗြိတိန်ဝန်ကြီး ထောက်ခံ
ဗြိတိန်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေး ကြိုပမ်းမှုတွေကို ဆက်လက်ပြီး အခိုင်အမာ ထောက်ခံ အားပေးနေမှာ ဖြစ်ကြောင်း ၈ လေးလုံး နှစ်ပတ်လည်နေ့မှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
-
2011-08-08 -
-
-
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ်။ (Photo: AFP)
(Photo: AFP)
၈ လေးလုံး နှစ်ပတ်လည် အဖြစ် သတ်မှတ် ကျင်းပကြတာဟာ ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွား သူတွေကို ပြန်လည် အောက်မေ့ အမှတ်ရစေဖို့ အခွင့်အလမ်းတခု ဖြစ်ကြောင်း၊ ၈ လေးလုံး အရေးတော်ပုံ ၂၃ နှစ် ကြာသွားခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ဆက်လက် ရုန်းကန် တိုက်ပွဲဝင် နေရဆဲ ဖြစ်သလို၊ တိုင်းရင်းသား ဒေသတွေမှာလည်း ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးကို တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အုပ်စုတွေ အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကသာ ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ဒီအတောအတွင်း လန်ဒန်မြို့မှာ မြန်မာ့ အရေး လှုပ်ရှားသူတွေ စုပေါင်းပြီး ၈ လေးလုံး နှစ်ပတ်နေ့ ဆွမ်းကပ်လှူပွဲ၊ ဆန္ဒပြပွဲနဲ့ အမှတ်တရပွဲတွေကို ဒီကနေ့ ပြုလုပ်ခဲ့တယ်လို့ အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ လန်ဒန်ဌာနခွဲ ဥက္ကဌ ဒေါက်တာ ဝင်းနိုင်က ပြောပါတယ်။