၂၆ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့ ကျင်းပရေး ဆွေးနွေး

ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းက ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် များ ဖော်ဆောင်ရေးကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် photo: RFA/ Kyaw Zaw Win

ရှစ်လေးလုံးအရေးတော်ပုံ ၂၆ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာ လမ်းက ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးအတွက် သင်္ဃန်းကျွန်း၊ ဓမ္မပီယကျောင်းတိုက် မှာ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ ဒီနေ့ ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ကိုမြင့်အောင်က အခုလို ပြောပါတယ်။

"၂၆ နှစ်မြောက် ၈ လေး အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားကို သင်္ဃန်းကျွန်း၊ သုမင်္ဂလာလမ်း၊ ဓမ္မပီယကျောင်းတိုက်မှာ ပြုလုပ် မှာဖြစ်ပါတယ်၊ ၈ လေးလုံး ငွေရတုဆုံးဖြတ်ချက် များ ဖော်ဆောင်ရေးကော်မတီက လုပ်ငန်းပြီးမြောက်မှု အစီရင်ခံစာတင်ပေးခြင်းနှင့် အဲဒီအစီရင်ခံစာအပေါ် အကြံပြုဆွေးနွေးခြင်းတို့ ဖြစ်ပါတယ်"

ဒီနေ့ဆွေးနွေးပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ မြန်မာ ကွန်ဗင်းရှင်းစင်တာမှာ ၃ရက်တာ ကျင်းပခဲ့ပြီး အဲ့ဒီအခမ်းအနားက ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရေး ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org