စစ်ကိုင်း ၈၈ လူသတ် ပွဲ ပြန်ပြောင်းအောက်မေ့ကြ

စစ်ကိုင်းမြို့မှာ ရှစ်လေးလုံး အရေးတော်ပုံ ကာလ အတွင်း သြဂုတ်လ ၉ ရက်နေ့က ကျဆုံးခဲ့တဲ့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူ တစ်ရာနီးပါးလောက် အတွက် အောက်မေ့ဂုဏ်ပြုပွဲ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံအတွင်း သြဂုတ်လ ၉ ရက်နေ့ စစ်ကိုင်းမြို့ ဖြိုခွင်းမှုမှာ ကျဆုံးခဲ့တဲ့သူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့စဉ် Photo: Hset Paing Toe/RFA

စစ်ကိုင်းမြို့မှာ ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း သြဂုတ်လ ၉ ရက်နေ့က ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်း သားပြည်သူ တစ်ရာနီးပါးလောက်အတွက် အောက်မေ့ဂုဏ်ပြုပွဲ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

အဲဒီနေ့ရက်က ဆန္ဒပြပွဲွမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းမြို့ခံ ဦးမောင်မောင်က လွန်ခဲ့တဲ့ ၂၈နှစ် သြဂုတ်လ ၉ရက်နေ့က စစ်ကိုင်းမြို့မရဲစခန်းရှေ့က ပစ်ခတ်မှုကို အခုလိုပြန်ပြောပြပါတယ်။

"၉ ရက်နေ့မှာပေါ့၊ ရဲစခန်းရှေ့မှာဆန္ဒပြကြတယ်၊ နောင်ရိုးတင်ဝင်းကို  ဖမ်းထားတာလွှတ်ပေး ဖို့ တောင်းဆိုကြတာ၊ တောင်းဆိုကြတဲ့အချိန်မှာ ရဲတွေက ညနေ ၃  နာရီ ၄၅ မှာစပစ်တယ်၊ အဲ့လိုပစ်တဲ့အချိန်မှာ လူတွေ အများကြီးသေတယ်၊  ရဲစခန်းရှေ့မှာပစ်တယ်၊ ကမ်းနားလမ်း မှာပြေးတဲ့သူတွေကိုလည်း ဟိုတုန်းက  တိုင်းကောင်စီရုံးကနေပစ်တယ်၊ အဲ့တော့သေတာ က နေရာအနှံ့အပြားမှာသေတယ်"

ဒေသခံ ၅၀ လောက်က စစ်ကိုင်းမြို့လယ်ကနေ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တဲ့ စစ်ကိုင်းမြို့မရဲစခန်းရှေ့အထိ လမ်းလျှောက်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ပစ်ခတ်ဖြိုခွင်းတာကြောင့် ဒေသခံ ၃၄ ဦး သေဆုံးခဲ့တယ်လို့ အဲဒီအချိန်က တာဝန်ယူထားတဲ့ အစိုးရက ကြေညာခဲ့ပါတယ်။

လမ်းလျှောက်ပွဲမှာပါဝင်သူတွေဟာ စစ်ကိုင်းမြို့မရဲစခန်းရှေ့ကနေ ဧရာဝတီမြစ်ဆိပ်ကို ဆက်လက်လမ်းလျှောက် ပြီး ကွယ်လွန်သွားသူတွေအတွက် အမျှပေးဝေခဲ့သလို လွမ်းသူပန်းခွေတွေကို ဧရာဝတီမြစ်အတွင်းမျှောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org