ဦးသိန်းစိန်မိန့်ခွန်းအပေါ် ၈၈မျိုးဆက်ကျောင်းသားများသဘောထားရှင်းလင်း
မကြာခင်က လွှတ်တော်မှာ သမ္မတဦးသိန်းစိန်ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်လို့ မြန်မာပြည်အထက်ပိုင်းကိုခရီးလှည့်လည်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဒီကနေ့ တောင်ဥက္ကလာ ဝေဇယန္တာလမ်းမှာရှိတဲ့ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။
-
2012-03-04 -
-
-
ဒီရှင်းလင်းပွဲမှာ ပွင့်လင်းလူအဖွဲ့အစည်းတစ်ခုအဖြစ်အသွင်ကူးပြောင်းနိုင်ရေးမှာ အရင်က ကျန်ရှိနေတဲ့အကြောက်တရားတွေကို ပြည်သူတွေကိုယ်တိုင်ဖယ်ရှားပြီး လူ့အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေကို တင်ပြဖေါ်ထုတ်ဖို့လိုကြောင်း သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ပြောဆိုခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကပြောပါတယ်။
ဒါ့အပြင် အာဏာပိုင်တွေဖက်ကရော အတိုက်အခံတွေဖက်ကပါ ပွင့်လင်းရိုးသားမှုအခြေခံနဲ့ ချဉ်းကပ်လုပ်ဆောင်ကြမှသာ အမှန်တရားပေါ်ပေါက်နိုင်ပြီး ဒီမိုကရေစီနိုင်ငံအဖြစ်ရောက်ရှိနိုင်မှာ ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင်တွေကပြောဆိုခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်းဟာ ပြည်သူလူထုကိုလေးစားတဲ့ သဘောလက္ခဏာတွေပါဝင်သလို ပျော့ပြောင်းတဲ့သဘောဆောင်တဲ့အတွက် ကြိုဆိုကြောင်းလည်း ၈၈ မျိုးဆက်ကျောင်းသားတွေက ပြောဆိုခဲ့ပါတယ်။