ရခိုင်ရေဘေးပြန်လည် ထူထောင်ရေး နိုင်ငံတကာ အကူအညီလိုအပ်ကြောင်း ၈၈ အဖွဲ့ပြော

ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် ပျက်စီး ဆုံးရှုံးမှုပမာဏ များပြားတာကြောင့် ရေရှည်ပြန်လည် ထူထောင်နိုင်ရေးအတွက် နိုင်ငံတကာရဲ့အကူအညီတွေ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို သြဂုတ်လ ၁၄ ရက်နေ့က ၈၈မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့ကသွားရောက် ထောက်ပံ့ လှူဒါန်းစဉ် Photo: The 88 Generation Peace and Open Society

ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏ များပြားတာကြောင့် ရေရှည်ပြန်လည် ထူထောင်နိုင်ရေး အတွက် နိုင်ငံတကာရဲ့အကူအညီတွေ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ပြောပါတယ်။

ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေဖြစ်တဲ့ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး စတဲ့မြို့နယ်တွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ သွားရောက်လေ့လာခဲ့ပြီး တွေ့ရှိချက်တွေကို ဦးကိုကိုကြီးက ပြော တာဖြစ်ပါတယ်။

"လိုအပ်ချက်ပမာဏကလည်းကြီးပါတယ် ပြောရရင်တော့ နိုင်ငံတော်အဆင့်တောင်မှ နိုင်ငံတကာအကူအညီတွေ နဲ့ပါ ပေါင်းစပ်ပြီးတော့လုပ်မှပဲ ရေရှည်ပြန်လည်ထူထောင်ရေးကို ဖြစ်နိုင်မယ်လို့ ကျနော်တော့ အဲ့ဒီလိုပဲ မျှော် လင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အထူးသဖြင့် စိုက်ပျိုးမြေဧရိယာတွေ ပျက်စီးသွားတဲ့ကိစ္စ၊ သောက် သုံးရေ ရေကန်တွေပျက်စီတဲ့ကိစ္စ အဲ့ဒီပမာဏ တော်တော်ကြီးပါတယ်၊ ဒါကြောင့် ရေရှည်စနစ်တကျ စီမံကိန်း ဆွဲပြီးတော့ ထူထောင်ဖို့လိုမယ်တော့ ကျနော်တော့ အဲ့ဒီလိုပဲမြင်ပါတယ်"

ဒီနေ့ ခရီးစဉ်မှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ သလို ရေဘေးသင့်ကျေးရွာအချို့ကိုလည်း သွားရောက်ခဲ့ကြပါတယ်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေအတွက် ဆန်အိတ်ပေါင်း ၁ဝဝဝ၊ ရေသန့်ဆေးထုပ် ၃ဝဝဝဝ ကျော်နဲ့ အခြားဆေးဝါးတွေကို အရပ်ဘက်လူမှု အဖွဲ့အစည်းတွေကနေတစ်ဆင့် လှူဒါန်းထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရခိုင်ရေဘေးသင့်ဒေသအတွက် ကူညီထောက်ပံ့ရေးကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်မောင်အုန်းနဲ့ မနေ့ညနေက သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org