၈၈ကျောင်းသားခေါင်းဆောင်တွေ နဲ့ ရခိုင်တိုင်းရင်းသား အဖွဲ့တွေ ဆွေးနွေး

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး နဲ့ ရခိုင်ပြည်နယ်က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ်အရေး နဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၁၇ ရက် ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ တံခါးပိတ် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ရခိုင်ပြည်နယ်က တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့စဉ် Photo: 88 Facebook

အဲဒီ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ လူဦးရေသောင်းဂဏန်းလောက်သာရှိကြတဲ့ ကမန်၊ မရမာကြီး စတဲ့လူမျိုးတွေ အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်လို့ ဦးကိုကိုကြီးက RFA ကိုပြောပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ကမန်ဒီမိုကရေစီပါတီ၊ ရမ်းဗြဲအသင်း၊ ရခိုင်စာပေနဲ့ယဉ်ကျေးမှုကော်မတီ၊ ရခိုင်သဟာယအသင်း စတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်၂၆ဦး တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org