လမူးမော်ရဲစခန်းကို ခဲနဲ့ပစ်ပေါက်သူ ၉ ဦးကို ပုဒ်မ ၆ (၁) နဲ့အမှုဖွင့်
တောင်ကုတ်မြို့နယ်က လမူးမော်ကျေးရွာ ရဲစခန်းကို ခဲနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရသူ ၉ ဦးကို တောင်ကုတ်မြို့မရဲစခန်းကို ဒီနေ့မနက်က ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
-
2018-11-19 -
-
-
တောင်ကုတ်မြို့နယ်က လမူးမော်ကျေးရွာ ရဲစခန်းကို ခဲနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ကိစ္စနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရသူ ၉ ဦးကို တောင်ကုတ်မြို့မရဲစခန်းကို ဒီနေ့မနက်က ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ထဲက လမူးမော်ကျေးရွာမှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ရပ်ကွက် ကထိန် လှည့်လည်နေစဉ် စကားများ ရန်ဖြစ်တဲ့ကိစ္စကို လမူးမော်ကျေးရွာ ရဲစခန်းက ချက်ချင်းအရေးမယူလို့ဆိုပြီး လူ ၇ဝလောက်က ရဲစခန်းကို ခဲနဲ့ ဝိုင်းဝန်းပစ်ပေါက်ခဲ့ကြတာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီလို ရဲစခန်းကို ခဲနဲ့ဝိုင်းပေါက်တဲ့ သူတွေထဲက ၉ဦး ကို ဖမ်းဆီးလိုက်ပြီးနောက် မနေ့က ရဲစခန်းကို ရာနဲ့ချီတဲ့ ဒေသခံတွေ ဝိုင်းထားပြီး အဲဒီ ၉ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။
ဖမ်းဆီးထားတဲ့ အဲဒီ ၉ ဦးကို ပြည်သူပိုင်ပစ္စည်း ဖျက်စီးမှု ပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ထားပြီး ရန်ပွဲမှာ ပါဝင်ခဲ့သူ ၂ ဦး ကိုလည်း ညစ်ညမ်းစွာ ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ တုံးတဲ့လက်နက်နဲ့ ထိခိုက်ဒဏ်ရာရအောင်လုပ်မှု စတဲ့ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတယ်လို့ လမူးမော်ကျေးရွာ ရဲစခန်းက ရဲအရာရှိက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။