စစ်ကိုင်းတိုင်း ကလေးမြို့နယ်က မဲဆန္ဒနယ်အားလုံး NLD အနိုင်ရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(၁) တိုင်းဒေသကြီး (၂)နဲ့ ချင်းနဲ့ ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်တွေမှာ NLD အနိုင်ရတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဂင်ခန့်ပေါင်က ပြောပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင် ကလေးမြို့နယ်အတွင်း လှည့်လည်အင်အားပြခဲ့ကြသော NLD ပါတီထောက်ခံသူများ။ Photo: Myint Thu Win/RFA

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(၁) တိုင်းဒေသကြီး (၂)နဲ့ ချင်းနဲ့ ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်တွေမှာ NLD အနိုင်ရတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဂင်ခန့်ပေါင်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာတော့ NLD ကမဲပေါင်း တစ်သိန်းသုံးသောင်းကျော်နဲ့ ပထမနေရာ ဦးဆောင်ပြီးတော့ USDPက မဲပေါင်းသုံးသောင်းကျော်နဲ့ ဒုတိယနေရာ ရရှိတာဖြစ်ပါတယ်။အမျိုးသားလွှတ်တော်မှာတော့ NLDက မဲပေါင်းတစ်သိန်းသုံးသောင်းကျော်နဲ့ ပထမနေရာ၊ USDPက မဲပေါင်းသုံးသောင်းနှစ်ထောင်ကျော်နဲ့ ဒုတိယနေရာရတာဖြစ်ပါတယ်။

တိုင်းဒေသကြီး(၁)မှာတော့ NLD က မဲပေါင်း ခုနှစ်သောင်းခုနှစ်ထောင်ကျော် USDPက မဲပေါင်းတစ်သောင်း ငါးထောင်ကျော်နဲ့ ဒုတိယနေရာ ရရှိခဲ့တာဖြစ်ပါတယ်။ တိုင်းဒေသကြီး(၂)မှာတော့ NLDက မဲပေါင်းငါးသောင်းကျော်နဲ့ ပထမနေရာ၊ USDPက မဲပေါင်းတစ်သောင်းရှစ်ထောင်နဲ့ ဒုတိယနေရာ ရရှိခဲ့တာပါ။

ချင်းတိုင်းရင်းသားလူမျိုးလွှတ်တော်မှာတော့ NlD က မဲပေါင်း သုံးသောင်းရှစ်ထောင်နဲ့ ပထမနေရာ၊ တစ်သီးပုဂ္ဂလဦးဘွန်းဇနန်း ကမဲပေါင်း တစ်သောင်းတစ်ထောင်နဲ့ ဒုတိယနေရာ ရတာဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားလူမျိုးလွှတ်တော်မှာတော့ NLDက မဲပေါင်းနှစ်ဆယ်၊ USDPက မဲပေါင်း တစ်ဆယ့်ကိုးမဲနဲ့ ဒုတိယနေရာရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ချင်းနဲ့ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်မှာတော့ ကလေးမြို့နယ်အပြင် တခြားမြို့နယ်ကမဲတွေ ရေတွက်ဖို့ ကျန်သေးတာကြောင့် အနိုင် အရှုံး မသေချာသေးဘူးလို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

----------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org