ရှမ်း စစ်ရေး နိုင်ငံရေးခေါင်းဆောင်တွေ ဘန်ကောက်မှာ ဆွေးနွေးနေ

ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့နှစ်ဖွဲ့က ခေါင်းဆောင်တွေနဲ့ ရှမ်းနိုင်ငံရေးပါတီ နှစ်ပါတီက ခေါင်းဆောင်တွေပါဝင်တဲ့ ရှမ်းခေါင်းဆောင်တွေဟာ ဘုံနားလည်မှုရရှိရေးသို့ ဆို တဲ့ခေါင်းစဉ်နဲ့ အောက်တိုဘာ ၂ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး RFA

ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့နှစ် ဖွဲ့က ခေါင်းဆောင်တွေနဲ့ ရှမ်းနိုင်ငံရေးပါတီ နှစ်ပါတီ က ခေါင်းဆောင်တွေပါဝင်တဲ့ ရှမ်းခေါင်းဆောင်တွေဟာ ဘုံနားလည်မှုရရှိရေးသို့ ဆိုတဲ့ခေါင်းစဉ်နဲ့ အောက် တိုဘာ ၂ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တွေ့ ဆုံဆွေးနွေးနေကြပါတယ်။

သုံးရက်ကြာကျင်းပမယ့် အဲဒီအစည်းအဝေးမှာ လက်ရှိ ရှမ်းပြည်နယ်တွင်း ဖြစ်ပေနေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေအပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေကို သုံးသပ်ဆွေးနွေးကြပြီး၊ ရှမ်းနိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်သွားနိုင်မယ့်ကိစ္စတွေကို ဆုံးဖြတ်ကြမယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၊ ကျားဖြူ ပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းနဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့က နာယက ဗိုလ်ချူပ် ဆေထင်တို့ ဦးဆောင်ပါဝင်တဲ့ အဖွဲ့ဝင် ၄ဝ ဝန်းကျင်အပြင်၊ မြန်မာ ငြိမ်းချမ်းရေး ဗဟိုဌာန MPC က ဝန်ကြီး ဦးအောင်မင်း လည်းပါဝင်တက်ရောက်နေပါတယ်။

အစည်းအဝေးပထမနေ့ကတော့ ပြီးခဲ့တဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး ဝန်ကြီး ဦးအောင်မင်းက လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်အခြေအနေနဲ့ အစိုးရရဲ့ သဘောထားအမြင်တွေကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို Pyidaungsu Institute ခေါ် ပြည်ထောင်စုသိပ္ပံအဖွဲ့နဲ့ Euro Burma Office မြန်မာ၊ ဥရောပ ရုံး ဖေါင်ဒေးရှင်း အဖွဲ့က ပံ့ပိုးကူညီပေးခဲ့တာဖြစ်ပြီး၊  လာမယ့် အောက်တိုဘာ ၄ ရက်နေ့မှာ အဆုံးသတ်မှာဖြစ် တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org