တနင်္သာရီတိုင်း ၁၀ မြို့နယ် လူငယ်များ ဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ "တော ရအောက်"ဘုန်းတော်ကြီး ကျောင်းမှာ မြို့နယ် ၁၀ မြို့နယ် ကိုယ်စားပြု လူငယ် ကိုယ်စားလှယ် တစ်ရာလောက် တက်ရောက်နေတဲ့ တနင်္သာရီတိုင်း လူငယ်ဖိုရမ်ကို ကျင်းပပြုလုပ်နေပါတယ်။

တနင်္သာရီတိုင်း မြေပုံ ဖြစ်ပါသည်။ (Map: RFA)

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့ "တောရအောက်"ဘုန်းတော်ကြီး ကျောင်းမှာ မြို့နယ် ၁၀ မြို့နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် တစ်ရာလောက် တက်ရောက်နေတဲ့ တနင်္သာရီတိုင်း လူငယ်ဖိုရမ်ကို ကျင်းပပြုလုပ်နေပါတယ်။

မနေ့ကစတင်ပြီး သုံးရက်ကြာကျင်းပမယ့် ဒီဆွေးနွေးပွဲ မှာ တိုင်းအတွင်း လူငယ်တွေကြုံတွေ့နေရတဲ့ အခက် အခဲတွေကို ခေါင်းစဉ် ၈ ခုနဲ့ ဆွေးနွေးနေတာဖြစ် ပြီး နောက်လအတွင်း မော်လမြိုင်မှာ ကျင်းပ မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံအတွက် ကိုယ်စားလှယ် ၁၇ ဦးကို ရွေးချယ်သွားမယ်လို့ ကျင်းပရေးကော်မတီအဖွဲ့ဝင် ကိုဥက္ကာမင်း က ပြောပါတယ်။

ရှေ့လာမယ့် မတ်လ ဒုတိယပတ်လောက်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပမယ့် မြန်မာ လူငယ်ဖိုရမ်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။  

အဲဒီကနေတဆင့် မတ်လနောက်ဆုံးပတ် အတွင်းလောက် မြန်မာနိုင်ငံမှာကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယမ် လူငယ်ဖိုရမ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုလူငယ် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org