တိုက်ပွဲကြောင့် လူဦးရေ ၁၂၀ ခန့် ထွက်ပြေးနေ
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် မီးချောင်းခုတ်နဲ့ အဝ ကျေးရွာနှစ်ရွာက လူဦးရေ ၁၂၀ ခန့်ရှိတဲ့ အိမ်ထောင်စု ၃၀ ကျော်ဟာ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးကျေးရွာကို မနေ့က ထွက်ပြေးရောက်ရှိလာကြပါတယ်။
-
2018-12-18 -

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်လာကြသူတွေဟာ ခမီ တိုင်းရင်းသားတွေဖြစ်တယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ လူအရေအတွက်ဟာ ၆၀၀ လောက်အထိ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။