စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကို ရခိုင့်တပ်တော် AA ရှုတ်ချ

အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ရခိုင့်တပ်တော် AA လည်း ပါဝင်လာပါပြီ။ စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲနေတာတွေကို ရှုတ်ချတယ်လို့ ရခိုင့် တပ်တော် AA ကပြောလိုက်တဲ့အကြောင်း Reuters သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ Photo: Reuters

အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ရခိုင့်တပ်တော် AA လည်း ပါဝင်လာပါပြီ။ စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲနေတာတွေကို ရှုတ်ချတယ်လို့ ရခိုင့် တပ်တော် AA ကပြောလိုက်တဲ့အကြောင်း Reuters သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း အပြစ်မဲ့ပြည်သူတွေ ပစ်သတ်ခံနေရတာဟာ အင်မတန် စိတ်မကောင်းစရာဖြစ်ကြောင်း၊ မြန်မာ စစ်တပ်နဲ့ ရဲတွေရဲ့လတ်တလောလုပ်ရပ်တွေက အင်မတန်ရက်စက်ပြီး လက်ခံနိုင်စရာမရှိကြောင်းနဲ့ ရခိုင့်တပ်တော် AA ဟာ ပြည်သူတွေနဲ့ အတူရှိနေကြောင်း AA အဖွဲ့ ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ဆိုပါတယ်။

အဖိနှိပ်ခံ ရခိုင်ပြည်သူတွေအတွက် AA က ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး ဖိနှိပ်မှုတွေကနေ လွတ်မြောက်ရေး အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတွေနဲ့ အတူဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ရခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

AA အဖွဲ့ဟာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်တာ မရှိတော့လို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကို ပြန်ပြီး ရုပ်သိမ်းတယ်လို့ အာဏာသိမ်းစစ်ကောင်စီက မတ်လ ၁၁ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ AA တို့ အကြားမှာ တိုက်ပွဲတွေ မဖြစ်တာလည်း လအတော်ကြာလာခဲ့ပါပြီ။

တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အကြမ်းဖက်အဖွဲ့အဖြစ်က ရခိုင့်တပ်တော် AA ကို ရုပ်သိမ်းခဲ့တာလို့ စစ်ကောင်စီက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org