AA နဲ့ ဆက်သွယ်မှု ထောင် ၃ နှစ်စီကျ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တရားရုံး က ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ် တယ်ဆိုပြီး အမှုရင်ဆိုင်နေရသူ ၃ ဦးကို မတရားအသင်း အက်ဥပဒေပုဒ်မ နဲ့ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
-
2016-07-13 -
-
-
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တရားရုံးက ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်တယ်ဆိုပြီး အမှုရင်ဆိုင် နေရသူ ၃ ဦးကို မတရားအသင်း အက်ဥပဒေပုဒ်မ နဲ့ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ် လိုက်ပါတယ်။
၃ ဦးထဲက ကျောက်ဖြူမြို့သား ကိုမောင်အေးကို ထောင်ဒဏ် ၂ နှစ်နဲ့ ကျန်နှစ်ဦးကို ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ် လိုက်တာလို့ အမှုကို လိုက်ပါဆောင်ရွက် ခဲ့တဲ့ ရှေ့နေ ဦးတင်မြင့် က ပြောပါတယ်။
"မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ၁၇(၂)နဲ့ တရားစွဲတဲ့အမှုပေါ့လေ၊ အမှုစစ်ဆေးပြီး ဒီနေ့ နှစ်ဦး ကို ထောင်ဒဏ် သုံးနှစ်စီနဲ့ တစ်ဦးကိုတော့ နှစ်နှစ် အမိန့်ချလိုက်တယ်ပေါ့"
ကိုမောင်အေးဟာ ရက္ခိုင့်တပ်မတော် AA အတွက် ကူညီပံ့ပိုးနေသူဖြစ်သလို ကျန် ၂ ဦးကတော့ AA တပ်ဖွဲ့ဝင်တွေလို့ တရားသူကြီးက သုံးသပ်ပြီး ဒီနေ့ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ ရှေ့နေ ဦးတင် မြင့်က ပြောပါတယ်။
ဒီနေ့ အမိန့်ချမှတ်ခံရတဲ့ ကိုမောင်အေးဟာ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာက နေအိမ်မှာ အခြားနှစ်ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူတို့သုံးဦးကို ကျောက်ဖြူမြို့မှာရှိတဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က တရားလိုပြုလုပ်ပြီး တရားစွဲ ဆိုခဲ့တာဖြစ်ပါတယ်။