စစ်သုံ့ပန်း ၁၅ ဦးကို AA ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးကာလအတွင်း AA က ဖမ်းဆီးထားတဲ့ မြန်မာစစ်သားနဲ့ရဲတွေထဲက ဆေးမှူး ဗိုလ်ကြီးရဲလင်းစိုး အပါအဝင် ၁၅ယောက်ကို ဒီနေ့ည ၇နာရီခွဲလောက်က ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ပြန်လွှတ် ပေးခဲ့တယ်လို့ AA က ကြေညာပါတယ်။

AA က ဖမ်းဆီးထားသူတွေထဲက ဆေးမှူး ဗိုလ်ကြီးရဲလင်းစိုး အပါအဝင် စစ်သားနဲ့ ရဲ ၁၅ ယောက်ကို နိုဝင်ဘာလ ၁၅ ရက်နေ့ညက ပြန်လည်လွှဲပြောင်းပေးခဲ့စဉ်။ Photo: AA info Desk

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးကာလအတွင်း AA က ဖမ်းဆီးထားတဲ့ မြန်မာစစ်သားနဲ့ရဲတွေထဲက ဆေးမှူး ဗိုလ်ကြီးရဲလင်းစိုး အပါအဝင် ၁၅ယောက်ကို ဒီနေ့ည ၇ နာရီခွဲလောက်က ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာပြန်လွှတ်ပေးခဲ့တယ်လို့ AA က ကြေညာပါတယ်။

စစ်ကောင်စီ တပ်သားအချို့ကို ရက္ခိုင့်တပ်တော် (AA) က အသုတ်လိုက် ပြန်လွှတ်ပေးဖို့ရှိတယ်လို့ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက စစ်တွေမြို့မှာ သတင်းထောက်တွေကို ဒီနေ့ပြောခဲ့ပြီး နာရီပိုင်းအကြာမှာပဲ (AA) ဘက်က လွှတ်ပေးခဲ့တာပါ။

ကျန်းမာရေးအခြေအနေဆိုးနေတဲ့သူတွေထဲက ဆေးကုသဖို့ အရေးတကြီးလိုနေသူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ရော မြန်မာစစ်တပ်က ဖမ်းထားတဲ့ AA အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရေးကို လိုလားတဲ့အနေနဲ့ရော အခုလိုပြန်လွှတ်ပေးခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA) က သူ့ရဲ့ အင်တာနက် စာမျက်နှာက တဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုပြန်လွှတ်ပေးတဲ့သူတွေကို မြန်မာစစ်တပ်က ဗိုလ်မှူး ဇေခိုင်ဟိန်းကို လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org