သမ္မတရုံးညွှန်ကြားချက် AA ပြန်လည်တုံ့ပြန်

AA အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့နဲ့ တစ်ဖွဲ့ချင်းစီ Bi-lateral ခေါ် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ကြိုးပမ်းနေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကို ၂၀၁၉၊ ဇွန် ၇ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

AA ရခိုင်အဖွဲ့အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးခုနဲ့ တစ်ဖွဲ့ချင်းစီ Bi-lateral ခေါ် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ကြိုးပမ်းနေပြီး တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေး စာပွဲဝိုင်းတွေကတဆင့် NCA လမ်းကြောင်းပေါ်ရောက်ဖို့ ဆောင်ရွက်နေတယ်လို့ ဦဇော်ဌေးက မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

AA ကို ရခိုင်ပြည်နယ်ထဲမှာ မရှိစေချင်ဘဲ AA စတင်တဲ့ လိုင်ဇာမှာပဲ လက်ခံနိုင်မယ်လို့ တပ်မတော်ဖက်က ပြောဆိုခဲ့တာတွေရှိခဲ့တာဟာ Bi-lateral ဆွေးနွေးနေစဉ်အချိန်မှာ ပြောဆိုခဲ့တာမို့ ငြိမ်းချမ်းရေးကို နှောင့်နှေးစေတဲ့ ပြောဆိုချက်ဖြစ်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။

ဒီနေ့ အချိန်အထိ အဲဒီ အဖွဲ့ လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံမယ့်နေရာကို သဘောမတူနိုင်သေးပေမယ့် ဒီလအတွင်း တွေ့ဖြစ်အောင်ဆောင်ရွက်ဖို့ အကြောင်းကြားထား တယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲတိုက် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org