မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းကို AA သိမ်းပိုက်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အဓိက နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ ကညင်ချောင်း စီပွားရေးဇုန်ကို အာရက္ခတပ်တော် (AA) က ဇူလိုင်လ ၁၅ ရက်နေ့မှာ သိမ်းပိုက် ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကညင်ချောင်း စီပွားရေးဇုန်ကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း) Ministry of Commerce

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အဓိက နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ ကညင်ချောင်း စီပွားရေးဇုန်ကို အာရက္ခတပ်တော် (AA) က ဇူလိုင်လ ၁၅ ရက်နေ့မှာ သိမ်းပိုက် ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစီးပွားရေးဇုန်မှာ အင်အားနှစ်ရာဝန်းကျင်နဲ့ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး ညပိုင်းမှာတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကညင်ချောင်း စီးပွားရေးဇုန်ကို သိမ်းလိုက်တာ ဟုတ်ပါတယ်။ Y 12 လေယာဉ်နဲ့ ဗုံးလာကြဲတာ အစပိုင်းမှာတော့ စီးပွါးရေးဇုန်ဘက်ကို ချတယ်။ နောက်ပိုင်း ရွှေဇားနဲ့ နခခ (၅) ဘက်တွေကို ချသွားတာ။ ရွှေဇားဘက်မှာ လူတွေမရှိတော့ဘူး"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ဦးလှသိန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

AA က မောင်တောမြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒီရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်က တိုက်ပွဲတွေအတွင်း လူနေရပ်ရွာတွေ မီးရှို့ခံရသလို ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နှစ်ပတ်အတွင်းမှာ အရပ်သား ခုနစ်ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org