အကျဉ်းထောင်စနစ် ပြောင်းလဲဖို့ လိုတယ်လို့ AAPP ပြော

လက်ရှိအကျဉ်းထောက်စနစ်ဟာ လူ့အဖွဲ့ အစည်းအတွက် အန္တရာယ်ရှိတဲ့အတွက် အကျဉ်းထောင် စနစ်ကို ပြုပြင်ပြောင်း လဲဖို့ လိုတယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအ သင်း AAPP က တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည် က ပြော ပါတယ်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP က တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကို မေလ ၂၂ ရက်နေ့ က နေပြည်တော်က လွှတ်တော်ဝန်းအတွင်းမှာ တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

လက်ရှိအကျဉ်းထောက်စနစ်ဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့အတွက် အကျဉ်းထောင် စနစ် ကို ပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP က တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည် ကပြောပါတယ်။

အကျဉ်းထောင်ဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီနဲ့ AAPP တို့ ဒီကနေ့ နေပြည်တော်က လွှတ်တော်ဝန်းအတွင်းမှာ အလွတ်သဘောတွေ့ဆုံအပြီးဦးဘိုကြည်က သတင်းထောက်တွေကို အခုလို ပြောလိုက်တာပါ။

"ဦးကိုနီ လူသတ်မှုမှာ လူသတ်မှုကို ကျူးလွန်ခဲ့တာက ထောင်ထွက်တွေပဲ၊ ဒီထောင်ထွက်တွေက ထောင်ထဲ မှာ အချင်းချင်းသိလာတာ၊ ဒီလိုသိလာတဲ့သူတွေက ဒီလိုကြီးမားတဲ့ လူသတ်မှုကြီးကိုလုပ်တာ မာဖီးယား ဂိုဏ်း ဆန်ဆန်ပဲ၊ ဒါက နိုင်ငံတကာထောင်တွေမှာ ဒီလိုမျိုးဖြစ်တာရှိတယ်၊ မြန်မာနိုင်ငံထောင်တွေမှာလည်း ဒါမျိုးဖြစ် လာတယ်၊ ရာဇဝတ်မှုကလည်း ဒီကနေ့ ထောင်ကနေလွတ်တယ်ဆို မနက်ဖြန်ကျူးလွန်တယ်၊ ဒီလိုစနစ်တကျနဲ့ ကျူးလွန်တဲ့အခါမျိုးတွေဖြစ်လာရင် လူ့အဖွဲ့အစည်းအတွက် အရမ်းအန္တရာယ်ရှိတယ်"

အကျဉ်းထောင်က လွတ်လာတဲ့ သူတွေကို ရာဇဝတ်သားလို့ သဘောမထားဘဲ နွေးထွေးစွာ ဆက်ဆံသင့်တဲ့ အကြောင်းနဲ့ အကျဉ်းထောင်က လွတ်လာသူတွေဟာ အလုပ်အကိုင်ခက်ခဲတဲ့အတွက် မူလ ရာဇဝတ် မှုတွေ ပြန် လည်လုပ်ကိုက်ကြတာတွေလည်း ရှိတယ် ပြောပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အကျဉ်းထောင်ပြင်ပမှာ မီးဖွားရေး၊ အကျဉ်းကျ မသန်စွမ်းတွေ အရေး၊ ထောင်တွင်းကူးစက်ရောဂါကိစ္စတွေကိုလည်း ဂရုစိုက်ကိုင်တွယ်သင့်တယ် လို့ ဦးဘိုကြည်ကပြောပါတယ်။

ဦးဘိုကြည်က ထောင်တွင်းအခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက် ထောင်တွင်းမှာ မလိုအပ်တဲ့ လူများလျော့ ချရေးကို ရေတိုလုပ်ဆောင်သင့်ပြီး ရေရှည်မှာ ဥပဒေပြင်ဆင်ရေးကို လုပ်ဆောင်ရမယ် လို့ဆိုပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဇော်မင်း က AAPP ရဲ့ ဆွေးနွေး ချက်တွေ ကို မူအရလက်ခံခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org