ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကျန်းမာရေး အာမခံ ကဒ်ပြား ရောင်းချ
ထိုင်းနိုင်ငံကို သွားရောက် အလုပ် လုပ်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအို ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကျန်းမာရေး အာမခံ ကဒ်ပြားတွေကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာန က ရောင်းချနေပါတယ်။
-
2014-07-01 -
-
-
ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအို ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကျန်းမာရေး အာမခံ ကဒ်ပြားတွေကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ရောင်းချနေပါတယ်။
စမုတ်စခွန် ခရိုင်မှာ ဈေးနှုန်းနှစ်မျိုး နဲ့ ရောင်းချနေရာမှာ ကျန်းမာရေး အာမခံ သုံးလစာ ကဒ်ပြားကို ထိုင်း ဘတ်ငွေ (၅ဝဝ) ၊ ခြောက်လစာ ကဒ်ပြားကို ဘတ်ငွေ (၉ဝဝ) ဖြစ်ပါတယ်။
ဒီဈေးနှုန်းတွေဟာ သတ်မှတ်ထားတဲ့ သက်သာခွင့် ကာလအတွင်း ရောင်းချမယ့် နှုန်းတွေဖြစ်ပါတယ်။
တကယ်လို့ ဆေးစစ်ဖို့လိုအပ်တယ် ဆိုရင် တစ်ဦးကို ဘတ် ငါးရာ နဲ့ စစ်ဆေးနိုင်ကြောင်း သိရပါတယ်။
တကယ်လို့ ကျန်းမာရေး အာမခံ ကဒ်ပြား သက်တမ်းကုန် သွားရင် ၊ တစ်နှစ်မကျော်သေးတဲ့ ကျန်းမာရေး လက်မှတ် ကိုအသုံးပြုပြီး နောက်ထပ် ကဒ်အသစ် တစ်ခု ဝယ်ယူနိုင်ပါတယ်။
သတ်မှတ်ထားတဲ့ သက်သာခွင့် ကာလ ကုန်ဆုံးသွားပြီးတဲ့နောက်၊ ရွှေ့ပြောင်းအလုပ်သမားအသစ်တွေကိုတော့ကျမ်း မာရေးအာမခံ တစ်စုံလုံးအတွက် ဘတ်ငွေ နှစ်ထောင့်တစ်ရာ ကျသင့်မှာဖြစ်ပြီး တစ်နှစ်စာ ကျန်းမာရေး အာမခံ ကဒ်ပြား ရရှိမယ်လို့ သိရပါတယ်။