စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားဥက္ကဋ္ဌ အဖမ်းခံရ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မအေးနန္ဒာစိုးကို စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဖမ်းသွားတယ်လို့ ဗကသက သတင်းထုတ်ပြန်ပါတယ်။

Photo: ABSFU

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မအေးနန္ဒာစိုးကို စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်သားတွေ ဖမ်းသွားတယ်လို့ ဗကသက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ ဖမ်းသွားတာဖြစ်ပြီး နှစ်ရက်ကြာတဲ့ ဒီနေ့အချိန်အထိ ဘယ်နေရာကို ဖမ်းသွားလဲဆိုတာ မသိရသေးတာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေတယ်လို့ ဗကသရဲ့ ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။

မအေးနန္ဒာစိုးဟာ ကျောင်းသား၊ လယ်သမားနဲ့ အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ကို တော်လှန်နေတဲ့သူဖြစ်တယ်လို့ ဗကသက ဆိုပါတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒမဲရလဒ်အရ ၂၀၁၉ ခုနှစ်ကစတင်ပြီး စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ဥက္ကဋ္ဌအဖြစ် မအေးနန္ဒာစိုးက တာဝန်ယူထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းကလည်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာနေထိုင်တဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူခြောက်ဦးကို ဧည့်စာရင်းအကြောင်းပြပြီး စစ်ကောင်စီတပ်သား တွေက ဖမ်းဆီးသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org