အကယ်ဒမီဆုပေးပွဲကို သပိတ်မှောက်ကြဖို့ တိုက်တွန်း

ကြည့်မြင်တိုင်နဲ့ မရမ်းကုန်းက ဆန္ဒပြလူငယ်တချို့ဟာ ရန်ကုန်မှာရှိတဲ့ ရုပ်ရှင်ရုံတချို့နားမှာ မနေ့က ပြောက်ကျား ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံရှေ့တွင် "သွေးစွန်းနေတဲ့ အကယ်ဒမီ" စာတန်းကိုင်ဆောင် ဆန္ဒထုတ်ဖော်နေသူတစ်ဦး။ Kyimyindaing Networks

စစ်ကောင်စီက ကျင်းပမဲ့ ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ စစ်အာဏာဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။

ကြည့်မြင်တိုင်နဲ့ မရမ်းကုန်းက ဆန္ဒပြလူငယ်တချို့ဟာ "သွေးစွန်းနေတဲ့ အကယ်ဒမီ" ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ရန်ကုန်မှာရှိတဲ့ ရုပ်ရှင်ရုံတချို့နားမှာ မနေ့က ပြောက်ကျား ဆန္ဒပြခဲ့ကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်က ဒီနှစ် အကယ်ဒမီ ဆုပေးပွဲကို နေပြည်တော်မှာ အကြီးအကျယ်ကျင်းပဖို့ လုပ်နေပါတယ်။ တခြားနှစ်တွေနဲ့ မတူဘဲ သုံးနှစ်စာ ဆုချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ အကယ်ဒမီ ဆုပေးပွဲတက်ရောက်မဲ့ အနုပညာရှင်တွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ နောင်တစ်ချိန် ပြည်သူကပေးတဲ့ ပြစ်ဒဏ်ကို ခံရမယ်လို့ လုံခြုံရေးအရအမည်မဖော်လိုသူ ဆန္ဒပြလူငယ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ အနုပညာရှင်တွေကို လူမှုကွန်ရက်စာမျက်နှာတွေကနေ ဒဏ်ခတ်အပြစ်ပေးတဲ့ လှုပ်ရှားမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org