ဒေါပုံမြို့နယ်မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဒေါပုံမြို့နယ်ရဲစခန်း အနီးမှာ စက်တင်ဘာလ ၂၁ ရက် ဒီနေ့ မနက် ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူ ဦးလွင်မျိုးဦး ကို အမည်မသိအဖွဲ့တစ်ခုက ပစ်သတ်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါပုံမြို့နယ်ရဲစခန်းအနီးမှာ ၂၀၂၁ စက်တင်ဘာ ၂၁ ရက်နေ့က ပစ်သတ်ခံရတဲ့ ဦးလွင်မျိုးဦး ကို တွေ့ရစဥ် Photo: TKT-NEWS
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဒေါပုံမြို့နယ်ရဲစခန်းအနီးမှာ စက်တင်ဘာလ ၂၁ ရက် ဒီနေ့ မနက် ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ဦးလွင်မျိုးဦး ကို အမည်မသိ အဖွဲ့တစ်ခုက ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
"ပစ်ခတ်မှုဖြစ်တယ်ကြားတယ်၊ ကျနော် အဲဒီရှေ့ကဖြတ်လာတော့ စစ်ကောင်စီတပ်သားတွေ အနည်းဆုံး ၆၀ ဝန်းကျင်လောက်ရှိမယ်၊ အများကြီးပဲ တွေ့ခဲ့တယ်” လို့ ဒေါပုံမြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
သင်္ဘောကျင်းမှတ်တိုင်အနီးက သူဌေးမဘီယာဆိုင်ရှေ့နားမှာ အမျိုးသမီးဖြစ်သူကိုလိုက်ပို့ရင်း အပစ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
 
ဦးလွင်မျိုးဦးဟာ ဒေါပုံမြို့နယ်မှာ စစ်ကောင်စီသတင်းပေး ဒလံလုပ်နေတာလို့ နာမည်ထွက်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org