မင်္ဂလာဒုံက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီခန့် ကုန်းတလပေါင်းစံပြရွာ အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ကို အောက်တိုဘာလ ၂၆ ရက် ဒီနေ့မနက် ၄ နာရီခန့်မှာ အမည်မသိအဖွဲ့တစ်ခုက ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-10-26
-
-
-
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီခန့် ကုန်းတလပေါင်းစံပြရွာ အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင် ကို အောက်တိုဘာလ ၂၆ ရက် ဒီနေ့မနက် ၄ နာရီခန့်မှာ အမည်မသိအဖွဲ့တစ်ခုက ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက်အစောပိုင်း သမီးဖြစ်သူကို စက်ရုံအလုပ်ဆင်းဖို့သွားပို့ပြီးအပြန် တပ်ရင်း (၉) ထိပ်မှတ်တိုင်အနားမှာ အပစ်ခံရတာဖြစ်ပြီး နေရာမှာတင် သေဆုံးသွားတာဖြစ်ပါတယ်။
ဦးဝေလင်းအောင်ဟာ နုတ်ထွက်စာတင်ထားတယ်ဆိုပြီး အမှန်တကယ်နုတ်မထွက်ဘဲ ရပ်ကွက်အုပ်ချုပ် ရေးမှူးအဖြစ် ဆက်လက်လုပ်ကိုင်နေသလို အမှုဆင် လိမ်လည်ဖမ်းဆီးခိုင်းတာတွေလည်း လုပ်ဆောင်နေသူ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုကိုအခြေခံပြီး မင်္ဂလာဒုံအခြေစိုက် MNM သတင်းပေ့ချ်က ဖော်ပြထား ပါတယ်။
မင်္ဂလာဒုံမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ပေးဖို့ ဒေသခံကာကွယ်ရေးအဖွဲ့ တွေက သတိပေးစာထုတ်ပြန်ခဲ့ချိန် ဦးဝေလင်းအောင်အနေနဲ့ နုတ်ထွက်စာတင်လိုက်ကြောင်း စာရွက်ကို လူမှုကွန်ရက် စာမျက်နှာပေါ်တင်ခဲ့ပေမယ့် အမှန်တကယ် မထွက်ဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ခဲ့သလဲဆိုတာတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
ကုန်းတလပေါင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာမှုဟာ မင်္ဂလာဒုံမြို့နယ်ထဲမှာတော့ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ သိရပါတယ်။