ကြိုတင်မဲလို့ ယူဆရတဲ့ စာအိတ်တွေကို တွေ့ရှိ

မြန်မာနိုင်ငံမှာ မဲပေးရမယ့်ရက် မရောက်သေးပေမယ့် ကြိုတင်မဲနဲ့ ပတ်သက်ပြီး မသင့်လျော်တာတွေကို လုပ်ဆောင်နေတဲ့ သက်သေ အထောက်အထား တစ်ခုကို အာအက်ဖ်အေက တွေ့ရှိရပါတယ်။

ကြိုတင်ဆန္ဒမဲပုံးများကို တွေ့ရစဉ်

မြန်မာနိုင်ငံမှာ မဲပေးရမယ့်ရက် မရောက်သေးပေမယ့် ကြိုတင်မဲနဲ့ ပတ်သက်ပြီး မသင့်လျော်တာတွေကို လုပ်ဆောင်နေတဲ့ သက်သေ အထောက်အထားတစ်ခုကို အာအက်ဖ်အေက တွေ့ရှိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူဆိုင်တစ်ဆိုင်မှာ ဆိုင်ဝန်ထမ်းလို့ ယူဆရသူတွေက ကြိုတင်မဲပါတဲ့ အညိုရောင်စာအိတ်တွေကို ကော်နဲ့ ကပ်နေတဲ့ ဗီဒီယိုင်ကို RFA က ကြည့်ရှုခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို ဒေသခံတစ်ဦးက တယ်လီဖုန်းနဲ့ ရိုက်ကူးထားတာဖြစ်ပြီး အာအက်ဖ်အေကို ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီဆိုင်က ဝန်ထမ်းကို မေးရာမှာ အဲဒါနဲ့ပတ်သက်ပြီး ပြောဆိုဖို့ ငြင်းဆိုပါတယ်။

 

 

အဲဒီစာအိတ်တွေပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တိုင်းဒေသကြီး စတဲ့ စာတွေရိုက်နှိပ်ထားတာလည်း ပါရှိပါတယ်။

စာအိတ်အညိုရောင်ထဲမှာ အဝါရောင်သမ်းသမ်း အရောင်ပါတဲ့ စာရွက်တွေထည့်ထားတာကို ဗီဒီယိုဖိုင်မှာ တွေ့ရှိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းဖြေဆိုသူ မရှိပါဘူး။ ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးကို မေးကြည့်ရာမှာ တပ်မတော်တပ်ရင်း တပ်ဖွဲ့တွေကပေးခဲ့တဲ့ ကြိုတင်မဲတွေဆိုရင် သူတို့အနေနဲ့  ကိုင်တွယ်ဆောင်ရွက်ခွင့်မရှိဘူးလို့ ပြောပါတယ်။

ကြိုတင်မဲပေးသူတွေဟာ  မိမိတို့ပေးတဲ့ မဲလက်မှတ်ကို စာအိတ်ထဲထည့်ပြီး အသေပိတ်ထားတဲ့ပုံးထဲကို ထည့်ရတာဖြစ်ပါတယ်။  အဲဒီ ကြိုတင်မဲပုံးတွေကို ရေတွက်တဲ့အချိန်ရောက်မှသာ ဖေါက်ခွင့်ရှိတာဖြစ်ပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုကို ဒီလိုကိစ္စမျိုးဟာ လုပ်ခွင့်ရှိသလား မေးရာမှာ ဒီကိစ္စအပေါ်မှာ မှတ်ချက်ပြုပြောဆိုဖို့  ငြင်းဆိုပါတယ်။

အဲဒီ စာအိတ်တွေဟာ ကြိုတင်မဲဆိုတာ သေချာကြောင်း ဗီဒီယိုရိုက်ကူးသူက ပြောပါတယ်။

ဒါပေမယ့် ဘယ်ကပေးတဲ့ ကြိုတင်မဲတွေလည်းဆိုတာတော့ မသိရှိရပါဘူး။ ရန်ကုန်မှာ ကြိုတင်မဲပေးသူတွေ အဆိုအရ မဲပေးရာမှာ စာအိတ်အတွင်းကို မဲလက်မှတ်ထဲ့ရပြီး ပုံးထဲကို ထည့်ရသူရှိသလို စာအိတ်ကို ကော်ကပ်ပြီးမှ ပုံးထဲထည့်ရသူတွေလည်းရှိကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org