အိမ်မဲမှာ လယ်သိမ်းခံတောင်သူ ၁၉ ဦးကို ရုံးထုတ်စစ်ဆေး

ပိုင်နက်ကျူးလွန်မှု၊ ခိုးမှု၊ လူစုလူဝေးနဲ့ ဝင်ရောက်မှုတွေနဲ့ဖမ်းဆီးတရားစွဲခံထား ရတဲ့ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ဆင်တိုးရွာကလယ်မား ၁၇ ယောက်နဲ့ကျောင်းကုန်းမြို့နယ် ကုန်းရှန်းရွာက လယ်သမား ၂ ယောက်အပါအဝင် လယ်သမား ၁၉ ယောက်ကို ပန်းတနော်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP) AFP

ပိုင်နက်ကျူးလွန်မှု၊ ခိုးမှု၊ လူစုလူဝေးနဲ့ ဝင်ရောက်မှုတွေ နဲ့ဖမ်းဆီးတရားစွဲခံထားရတဲ့ ဧရာဝတီတိုင်း အိမ်မဲမြို့ နယ် ဆင်တိုးရွာကလယ်မား ၁၇ ယောက်နဲ့ကျောင်း ကုန်းမြို့နယ် ကုန်းရှန်းရွာက လယ်သမား ၂ ယောက် အပါအဝင် လယ်သမား ၁၉ ယောက်ကို ပန်းတနော် မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လယ်သမားရေးဆောင်ရွက်နေတဲ့ ကိုဇော်ရမ်းက RFA ကိုအခုလိုပြောပါတယ်။

"ပန်းတနော်မြို့နယ်မှာ လယ်သမားတွေအားလုံးက ကိုယ့်လယ်ယာမြေ ကိုယ်ပြန်လည်ထွန်ယက်ရင်းနဲ့ မတရားသိမ်းထားတဲ့ ခရိုနီနဲ့ တပ်၊ စစ်မှုထမ်းဟောင်း အဖွဲ့ကနေပြီးတော့ တရားလိုလုပ်ပြီး တရားစွဲတဲ့ အတွက် လယ်သမားတွေက ငါးခိုးမှု၊ ပိုင်နက်ကျူးလွန်မှု နဲ့ လူစုလူဝေးလုပ်မှုတွေနဲ့ ရုံးထုတ်ခံရတယ်၊ ၁၉ ယောက်ပါ ၁၅ ရက်နေ့မှာ ရုံးချိန်းရှိတယ်"

အဲဒီဒေသမှာ လယ်မြေပြသနာကြောင့် တရားစွဲခံနေရတဲ့ လယ်သမား အယောက် ၂၀၀ ကျော်ရှိပြီး သူတို့ထဲမှာ ထောင်ချခံရပြီးတဲ့လယ်သမားက အယောက် ၆၀ ဝန်းကျင်လောက်ရှိတယ်လို့ဆိုပါတယ်။

ပန်းတနော်မြို့နယ်မှာ ဒေသခံစစ်တပ်၊ စစ်မှုထမ်းဟောင်းအဖွဲနဲ့ ပုဂ္ဂလိလုပ်ငန်းရှင်တွေ သိမ်းထားတဲ့ လယ်မြေဧက သောင်းနဲ့ချီရှိပြီး၊ အဲဒီထဲက ဧက ၈၀၀ ကျော်လောက်ကိုတော့ မူလလယ်သမားတွေကို တရားဝင်ပြန်လွှဲပြောင်းပေးပြီးပြီလို့ သိရပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ လယ်သိမ်းခံထားရတဲ့ကိစ္စနဲ့ လယ်သမားတွေ တရားစွဲ၊  ထောင်ချခံနေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပန်းတနော်မြို့အခြေစိုက် ငြိမ်းချမ်းရေးနဲ့လူမှုတရားမျှတမှု ဖေါ်ဆောင်ရေးအဖွဲ့က ကိုဇော်ဇော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org