အာဆီယံ စာရင်းစစ်များညီလာခံကို ကုမ္ပဏီအချို့ သပိတ်မှောက်

မြန်မာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို လက်ခံတဲ့အတွက် နိုင်ငံတကာစာရင်းကိုင် လုပ်ငန်းတွေဖြစ်တဲ့ CPA Australia နဲ့ နယူးဇီလန်က CA ANZ ကုမ္ပဏီတွေဟာ မကြာခင်ကျင်းပမယ့် အာဆီယံစာရင်းစစ်များ ညီလာခံကို မတက်ဘဲ နုတ်ထွက် မယ်လို့ ကြေညာခဲ့တဲ့အကြောင်း Justice For Myanmar အဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျင်းပမည့် အာဆီယံစာရင်းစစ်များ ညီလာခံ တက်ရောက်မည့်သူများကို ဖော်ပြထားသည့် ဖိတ်ခေါ်စာ။ Photo: AFA

မြန်မာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို လက်ခံတဲ့အတွက် နိုင်ငံတကာစာရင်းကိုင်လုပ်ငန်းတွေဖြစ်တဲ့ CPA Australia နဲ့ နယူးဇီလန်က CA ANZ ကုမ္ပဏီတွေဟာ မကြာခင်ကျင်းပမယ့် အာဆီယံစာရင်းစစ်များ ညီလာခံကို မတက်ဘဲ နုတ်ထွက်မယ်လို့ ကြေညာခဲ့တဲ့အကြောင်း Justice For Myanmar အဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

AFA ခေါ် အာဆီယံ စာရင်းစစ်များအသင်းအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ MICPA ခေါ် မစ်ချီဂန် စာရင်းစစ်များအသင်းကို မဖယ်ထုတ်ရင် တခြားစာရင်းစစ် ကုမ္ပဏီ ငါးခုလည်း နှုတ်ထွက်မယ်လို့ ဆိုပါတယ်။ အာဆီယံစာရင်းစစ်များ ညီလာခံက မြန်မာစစ်ကောင်စီရဲ့ စာရင်းစစ်ချုပ် ဒေါက်တာကံဇော်ကို ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် ဂုဏ်ပြုဖို့ စီစဉ်ထားတာပါ။

ညီလာခံကိုလည်း မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်း MICPA က ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီအသင်းဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်နွယ်ပတ်သက်နေကြောင်း၊ မြန်မာစစ်ကောင်စီ ပါဝင်ပတ်သက်နေတဲ့ စာရင်းစစ်တွေ ညီလာခံတက်မယ်ဆိုရင် နိုင်ငံတကာစာရင်းကိုင်အဖွဲ့တွေက မတက်ဘဲ သပိတ်မှောက်ကြဖို့ Justice For Myanmar အဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့ က ကြေညာချက်ထုတ်ပြီးနှိုးဆော်ခဲ့တာပါ။

ဒီတောင်းဆိုချက်ကို လေးရက်အတွင်း လူပေါင်း တစ်သောင်းနှစ်ထောင်ကျော်က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org