အဓမ္မပြုကျင့်ခံထားရသူကို အကာကွယ်ပေးဖို့ AHRC တိုက်တွန်း
တရားရုံးမှာ အမှုစစ်ဆေးနေချိန်အတွင်း အာမခံရထားတဲ့ အရွယ်မရောက်သေးသူ မိန်းကလေးကို အိမ်တိုင်ယာရောက် လာရောက် ခြိမ်းခြောက် မေးမြန်းစစ်ဆေးနေတာကို ရပ်တန်းကရပ်ဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ဒီနေ့တိုက်တွန်း လိုက်ပါတယ်။
-
2013-04-04 -
-
-
Your browser doesn’t support HTML5 audio
တရားရုံးမှာ အမှုစစ်ဆေးနေချိန်အတွင်း အာမခံရထားတဲ့ အရွယ်မရောက်သေးသူ မိန်းကလေးကို အိမ်တိုင်ယာရောက် လာရောက်ခြိမ်းခြောက် မေးမြန်းစစ်ဆေးနေတာကို ရပ်တန်းကရပ်ဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ဒီနေ့တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးမှာ ခိုးမှုနဲ့ အမှုရင်ဆိုင်နေရပြီး အဓမ္မပြုကျင့်ခံရတယ်လို့ဆိုတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ရမယ့် အဖွဲ့အစည်းကိုယ်တိုင် လာရောက်အနှောင့်အယှက်ပေးနေတာလို့ AHRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
အဲဒီအရွယ်မရောက်သေးတဲ့ မိန်းကလေးကို သူအလုပ်လုပ်ကိုင်နေတဲ့ မြောက်ဥက္ကလာပမြို့နယ်က ချယ်ရီစားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်က မတရားပြုကျင့်တဲ့အတွက် မုဒိမ်းမှုနဲ့ မနှစ်က အမှုဖွင့်ထားချိန်မှာ ဒီမိန်းကလေးက ကျပ် ၃ သိန်းတန် လက်ပတ်နာရီနဲ့ ငွေ ၂ သောင်း ခိုးယူခဲ့တယ်ဆိုပြီး ဦးမြင့်အောင်ရဲ့ဇနီးက မြောက်ဥက္ကလာပ ရဲစခန်းမှာ ခိုးမှုနဲ့ ဒီနှစ်ဖေဖော်ဝါရီလမှာ ပြန်တိုင်ကြားတဲ့အတွက် အမှုရင်ဆိုင်နေရတာပါ။ မတ်လ ၇ ရက်မှာ လူနှစ်ဦးက ဒီကလေးမကို ကျပ်ငွေ ၅ သန်းနဲ့ အာမခံခဲ့ပါတယ်။
ဒီအကြောင်း AHRC အဖွဲ့က ရှေ့နေဦးမင်းလွင်ဦးကို RFA ဒေါ်စမ်းစမ်းတင် မေးမြန်းတင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။