ကချင်ဒေသ လူ့အခွင့်အရေး ချို့ဖေါက်မှုတွေအရေးယူဖို့ AHRC တိုက်တွန်း

အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ တိုင်းရင်းသားတွေ ပျောက်ဆုံးတာတွေ၊ တပ်သားက ကျူးလွန်တဲ့အမှုကို တိုင်တန်းတဲ့အခါ တပ်ပြေးဖြစ်တယ်ဆိုပြီး အရေးမယူတာတွေကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က မနေ့က တိုက်တွန်း လိုက်ပါတယ်။

အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ တိုင်းရင်း သားတွေ ပျောက်ဆုံးတာတွေ၊ တပ်သားက ကျူးလွန်တဲ့ အမှုကို တိုင်တန်းတဲ့အခါ တပ်ပြေးဖြစ်တယ်ဆိုပြီး အရေးမယူတာတွေကို  အမြန်ဆုံး အရေးယူဆောင် ရွက်ပေးဖို့  AHRC  အာရှလူ့အခွင့်အရေးကော်မရှင်က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့်  စစ်ဘေးရှောင် စခန်းမှာ နေထိုင်နေသူ နှစ်ဦးဟာ အစိုးရတပ်တွေလှုပ် ရှားနေတဲ့ ဒေသတဝိုက်ကနေ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လကတည်းက ပျောက်ဆုံးနေတာလို့ AHRC   ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

"အနီးတဝိုက်မှာ တပ်စွဲထားတဲ့ တပ်စခန်းကို သွားပြီးတော့ အကြောင်းကြားတဲ့အခါကျတော့ ခမ၇ ၁၅ ယာယီတပ်စခန်းမှူး ဗိုလ်မှူး ကျော်သူဝင်း ကနေပြီးတော့ ဒီပတ်ဝန်းကျင်က တပ်တွေတော်တော်များများ သွားတဲ့နေရာတွေဖြစ်တယ်၊ တပ်ခွဲတစ်ခုခုနဲ့ လမ်းပြအဖြစ် ပါသွားတာဖြစ်လိမ့်မယ်၊ မကြာခင်ပြန်ရောက်လာလိမ့်မယ်လို့ ပြောတဲ့အတွက် မိသားစုတွေ ကလည်း ပြန်လာတယ်၊ ၃ လ၊ ၄ လလောက်ကြာတော့ မပေါ်လာ၊ ၅ လလောက်လည်း မပေါ်လာ ခဏခဏသွားမေးတဲ့အခါကျတော့လည်း တခြားတပ်ရင်းတွေကို စုံစမ်းပါဦးလို့ ပြောတဲ့အတွက် ကချင်ပြည်နယ်တဝိုက်မှာရှိတဲ့ တပ်ရင်းတွေလည်း အကုန်ကုန်ပြီ၊ ခုအချိန်ထိကို ရှာမတွေ့သေးဘူး"

ဗန်းမော်ခရိုင် မန်စီမြို့နယ် ပလောင်ဒိန်ဆာရွာက ဆွမ်ခါနော်ဂျာနဲ့ ဆွမ်ခါဂန်ဖန် ဆိုတဲ့ ညီအစ်ကို နှစ်ယောက်က  ပျောက်ဆုံးနေတာပါ။  သူတို့ပျောက်ဆုံးနေတဲ့ကိစ္စကို  အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုလည်း တိုင်တန်းထားပေမဲ့ တစုံတရာ အကြောင်းမထူးဘူးလို့လည်း ပြောပါတယ်။

"ဒီလိုမျိုးတိုင်းရင်းသားတွေကို လမ်းပြအဖြစ်သော်၎င်း၊ ပေါ်တာအဖြစ်သော်၎င်း ခေါ်ယူသွားပြီးတော့ ရှေ့တန်းမှာ အသက်ဆုံးရှုံးသွားတာတွေဖြစ်ဖြစ် နည်းမျိုးစုံနဲ့ ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ် မိသားစုတွေအနေနဲ့ ပြန် မတွေ့ရတာ ဒီ ၁ မှုထဲတွင်မကပဲနဲ့ အမှုတော်တော်များများကို ကျနော်တို့ လက်ခံရရှိနေတာဖြစ်တယ်၊ တချို့အမှုတွေမှာ တပ်မတော်က ကျူးလွန်ခဲ့တာဆိုတာ အခိုင်အမာသိလို့ သွားတိုင်ရင်တောင်မှပဲ ဒီလူကတပ်မတော်က ထွက်ပြေးနေတဲ့ တပ်ပြေးဖြစ်ပါတယ်၊ ကျနော်တို့လည်း လိုက်လံဖမ်းဆီးနေ ပါတယ်ဆိုပြီးတော့ စစ်တပ်က သူတို့နဲ့မဆိုင်သလို ပြောတဲ့အဖြစ်အပျက်မျိုးအထိ ယနေ့အထိရင်ဆိုင်နေရတယ်"

ကချင်ပြည်နယ်  ဗန်းမော်မြို့နယ်မှာ ၁၇ နှစ်ရွယ် ကချင်အမျိုးသမီးတစ်ဦးကို စစ်သားနှစ်ဦးက သားမယားအဖြစ် အဓမ္မပြုကျင့်တဲ့အမှုကို တိုင်တန်းပေမဲ့ တပ်ပြေးဖြစ်တယ်လို့ပြောပြီး အရေးယူတာမရှိပါဘူး။ ရဲကလည်း အမှုကျူးလွန်သူကို ဖမ်းဆီး အရေးယူနိုင်တာ မရှိဘူးလို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org