ကချင်တရားဟော ဆရာ နှစ်ဦးအတွက် AI စိုးရိမ်

မြန်မာစစ်တပ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မီဒီယာကို ပြောကြား တဲ့အတွက် ကချင်ပြည်နယ်က ခရစ်ယာန် တရားဟောဆရာနှစ်ဦးဟာ အသရေဖျက်မှုနဲ့ ထပ်စွဲချက်တင် ခံရတယ်လို့ AI- နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က မနေ့က ပြောကြားလိုက်ပါတယ်။

တပ်မတော်က ဖမ်းဆီးထားတဲ့ ဦးဒီဒီနောင်လတ်နဲ့ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ကို တွေ့ရစဉ် ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
မြန်မာစစ်တပ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မီဒီယာကို ပြောကြားတဲ့အတွက် ကချင်ပြည်နယ်က ခရစ်ယာန်တရားဟောဆရာနှစ်ဦးဟာ အသရေဖျက်မှုနဲ့ ထပ်စွဲချက်တင်ခံရတယ်လို့ AI- နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာရေးအဖွဲ့က မနေ့က ပြောကြားလိုက်ပါတယ်။

ပြစ်မှုမြောက်ရင် Dumdaw Nawng Lat နဲ့ Langjaw Gam Seng တို့ဟာ ထောင်ဒဏ် ၈ နှစ်ထိကျခံနိုင်ပြီး ဒါဟာ နိုင်ငံရေးစေ့ဆော်မှုလို့ AI က ယုံကြည်ပါတယ်။ တရားဟောဆရာ နှစ်ယောက်စလုံး ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့လည်း ပြောပါတယ်။ မနှစ်က နှစ်ကုန်ပိုင်းလောက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုး မြို့မှ ာတိုက်ပွဲတွေဖြစ်ပွားချိန်အတွင်း မီဒီယာကို ပြောကြားမှုနဲ့ စွဲချက်တင်ခံရတာပါ။

ဗိုလ်မှူးကြီးတယောက်က ဒီနှစ် ဖေဖော်ဝါရီလမှာ တရားစွဲဆိုပြီးတဲ့နောက် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ အရ အသရေဖျက်မှုနဲ့ ထပ်မံစွဲချက်တင်ခံရတာလည်း ဖြစ်ပါတယ်။ သူတို့ကို မနှစ်က ဒီဇင်ဘာ ၂၄ ရက်ကဖမ်းဆီးပြီး ၁၉၀၈ ခုနှစ်တရားမဝင် အသင်းအဖွဲ့အက်ဥပဒေအရ မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ၂၀၁၂ သွင်းကုန်-ထွက်ကုန် ဥပဒေပုဒ်မ ၈ အရ လိုင်စင်မဲ့မော်တော်ဆိုက်ကယ်စီးမှုတို့နဲ့ ဒီနှစ် ဇန်နဝါရီလမှာ စွဲချက်တင်ပါတယ်။ ခုနှစ်ဦး စလုံး လာရှိူးအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org