ကောလင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံရွာကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် လေကြောင်းခဲ့ပြီးနောက် တွေ့ရစဉ်။ Telegram/ ေကာလင်း အင်ဖို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြောပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ဥက္ကံရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောလင်းဒေသခံတစ်ဦးကတော့ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ RFA ကို ပြောပါတယ်။

"တိုက်ပွဲမဖြစ်ဘူး။ ဒီတိုင်းလာကြဲသွားတာ။ သေဆုံးသူတွေရဲ့ အခြေအနေကတော့ အသေးစိတ် မသိရသေးဘူး"

ကောလင်းဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ Kawlin Revolution ကလည်း ဒီတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ကိုးဦးထက်မနည်းရှိတယ်လို့ အောက်တိုဘာလ ၂၁ ရက်နေ့က ဖော်ပြပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်ကလည်း ဥက္ကံရွာကို စစ်ကောင်စီတပ် လေကြောင်းသုံး တိုက်ခိုက်တာကြောင့် အမျိုးသား လေးဦးနဲ့ အမျိုးသမီး သုံးဦး၊ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org