မောင်တောမြို့မှာ စည်ပင်ကော်မတီ ပြန်ဖွဲ့ပေးဖို့ ဆန္ဒပြတောင်းဆို

ရခိုင်ပြည်နယ် မောင်တောမြို့မှာ စည်ပင်သာယာရေးကော် မတီကို ပြန်လည်ဖွဲ့စည်းပေးဖို့ မြို့ခံ ၁၀၀ လောက်က ဆန္ဒပြတောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့မှာ စည်ပင်သာယာရေးကော်မတီကို ပြန်လည်ဖွဲ့စည်းပေးဖို့ မြို့ခံ ၁၀၀ လောက်က ဆန္ဒပြတောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စည်ပင်အခွန်ကောက်ခံတဲ့လိုင်စင်ကို လေလံမခေါ်ယူဘဲ စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေနဲ့ နီးစပ်သူတွေကိုသာ လုပ်ပိုင်ခွင့်ပေးနေတာကြောင့် အခုလိုဆန္ဒပြတာဖြစ်တယ်လို့ မြို့ခံ ဦးခင်မောင်သန်း ကပြောပါတယ်။

"မောင်တောမှာ ခွင့်ပြုလိုင်စင် ၅ဝ ရှိပါတယ်၊ အဲ့ဒါကို သက်တမ်းတိုးတာ လေလံစနစ်ကို သူတို့ကမသုံးဘူး၊ ကျနော်တို့ပြည်သူတွေက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မနှစ်သက်ကြဘူးလေ၊ ဒါကြောင့် ဆန္ဒဖော်ထုတ်တာပါ"

ဆန္ဒပြသူတွေက စည်ပင်အခွန်လိုင်စင်ကို လေလံခေါ်ယူပြီးချပေးဖို့နဲ့ နိုင်ငံသားမဟုတ်သူတွေ ကို လေလံဆွဲယူခွင့်မပြုဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org