အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို PR စနစ်နဲ့ပြောင်းရွေးဖို့ အမျိုးသားလွှတ်တော်ဆုံးဖြတ်

အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တွေကို ရွေးချယ်ရာမှာ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက် ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ ဒီကနေ့ မဲခွဲအတည်ပြုလိုက်ပါ တယ်။

အမျိုးသားလွှတ်တော်မှာ ဇွန်လ ၃ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ပီအာစနစ် ကျင့်သုံးပေးဖို့ အဆိုတင်သွင်းခဲ့စဉ် Photo: Myo Thant Khaing/RFA

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ်ရာ မှာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် ကို ပြောင်းလဲကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ ဒီကနေ့ မဲခွဲအတည်ပြုလိုက်ပါတယ်။ ဒီနေ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အခုလို ပြောကြားပါတယ်။

"အဆိုကိုအတည်ပြုရန် သဘောတူတဲ့ ကိုယ်စားလှယ် ၁၁၇ ဦး၊ ကန့်ကွက်တဲ့ကိုယ်စားလှယ် ၈၅ ဦးရှိပါတယ်၊ ဒါကြောင့်အဆိုကို အတည်ပြုတဲ့ ကိုယ်စားလှယ်ဦးရေ ဟာ ယခုလွှတ်တော်အစည်းအဝေးခန်းမမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေထက် ထက်ဝက်ကျော် ရှိတဲ့အတွက် ဒေါ်ခင်ဝိုင်းကြည်ရဲ့အဆိုကို အတည်ပြုကြောင်း ကြေညာပါတယ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ ပီအာစနစ်ကို ကျင့်သုံးဖို့ တိုက်တွန်းကြောင်းအဆို ကို ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ၃ ရက်ကြာဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း PR စနစ်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်ပြီး လွှတ်တော်ထဲက တိုင်းရင်းသားတွေရဲ့အသံကို လျှော့ပါးသွားစေနိုင်တဲ့အတွက် တိုင်းရင်းသားပါတီ ၂၀ ကျော်က ကန့်ကွက်ခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org