ကော်မရှင်ရဲ့ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းချက် စောင့်ကြည့်ရေး အဖွဲ့ ထောက်ပြ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နဲ့ အောက်ခြေအဆင့်ဆင့် ကော်မရှင်အဖွဲ့ခွဲတွေအကြား ဆက်သွယ်မှု ချိတ်ဆက် မှုအားနည်းတာ တွေ့ရှိ ရကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့ အကြီးအကဲတစ်ဦးက ပြောပါတယ်။
-
2015-11-10 -
-
-
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ အောက်ခြေအဆင့်ဆင့် ကော်မရှင်အဖွဲ့ခွဲတွေအကြား ဆက်သွယ်မှု ချိတ်ဆက်မှုအားနည်းတာ တွေ့ရှိရကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့အကြီးအကဲတစ်ဦး က ပြောပါတယ်။
Asian Network For Free Elections (ANFREL) အဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကို စောင့် ကြည့်လေ့လာရာမှာ သူတို့တွေ့ရှိချက်တွေထဲက အချက်တစ်ချက်ကို အဲဒီအဖွဲ့ရဲ့ ဥက္ကဌ Damaso G. Magbual က ပြောတာဖြစ်ပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အောက်ခြေကော်မရှင်အဖွဲ့ခွဲတွေ ကော်မရှင်အဖွဲ့ခွဲအချင်းချင်းကြား ချိတ်ဆက်ဆက်သွယ်မှုအားနည်းတာ တွေ့ရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို မြို့နယ်ဒေသဆိုင်ရာ အောက်ခြေအဆင့်ဆင့်ကို စနစ်တကျ ဆက်လက်ညွှန်ကြားတာ အားနည်းတာကို တွေ့ရတာ ဖြစ်ပါတယ်"
ဒါ့အပြင် တပ်မတော်ကပေးတဲ့ ကြိုတင်မဲပေးပုံနဲ့ ပတ်သက်ပြီး ပိုကောင်းမွန်တဲ့ နည်းလမ်းဖြစ်အောင် ဆောင်ရွက် သင့်ကြောင်းလည်းပြောပါတယ်။
ANFREL အဖွဲ့ဟာ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာသူ ၄၇ ယောက်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက မဲရုံပေါင်း ၃ဝ၃ ရုံမှာ စောင့်ကြည့်လေ့လာခဲ့တာ ဖြစ်ပါတယ်။