ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ သမ္မတဦသိန်းစိန်၊ ဦးရွှေမန်းတို့ နဲ့ တွေ့ဆုံ

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး UNHCR ရဲ့ အထူးကိုယ်စား လှယ် ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အင်ဂျလီနာ ဂျိုလီ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်တို့နဲ့ နေပြည်တော် မှာ ဒီနေ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်မှာဖြစ်ပါတယ်။

ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ ဇူလိုင်လ ၂၉ ရက်နေ့ က နေပြည်တော်မှာ တွေ့ဆုံကြစဉ်

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အထူးကိုယ်စားလှယ် ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင် မင်းသမီး အင်ဂျလီနာဂျိုလီ  ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်တို့နဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်မှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံရာမှာ နယ်စပ်ဒေသက အမျိုးသမီးတွေနဲ့ ကလေး သူငယ်တွေရဲ့ အခွင့်အရေး ဆုံးရံှုးမှု၊ လက်နက်ကိုင်ပဋိပက္ခနဲ့ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သူရရွှေမန်းက သူ့ရဲ့ အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

UNHCR အထူးကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် ဇူလိုင်လ ၃၀ရက်နေ့မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့ တွေ့ဆုံဖို့စီစဉ်ထားပြီး ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာ မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org