ရခိုင်ပဋိပက္ခ ကူညီဖို့ အာဆီယံကို ကုလအကြီးအကဲ တိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ရခိုင်ပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့ လ့ူအခွင့်အရေး ပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ကူညီဖြေရှင်းပေးခဲ့ကြတဲ့အတွက် ASEAN အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဝင်နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ အာဆီယံခေါင်းဆောင်တွေကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ၂၀၁၈ အောက်တိုဘာလ ၁၀ ရက်နေ့ကတွေ့ရစဉ် Photo: JOHANNES P CHRISTO / POOL / AFP

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လ့ူအခွင့်အရေး ပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ကူညီဖြေရှင်းပေးခဲ့ကြတဲ့အတွက် ASEAN အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဝင်နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပတဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့ တာပါ။ တဆက်တည်းမှာပဲ အတွင်းရေးမှူးချုပ်က ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကနေ သူတို့ဆန္ဒအလျှောက် လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေကို ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပြင် ဒေသခံ အချင်းချင်း ပြန်လည် သင့်မြတ်ရေးနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာရေးလုပ်ငန်းတွေပါ ဆောင်ရွက်ပေးရမှာဖြစ်တဲ့အတွက် ငွေကြေးဝါယမစိုက်ထုတ်မှု အများကြီးလိုကြောင်းနဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကွယ်လွန်သူ ကိုဖီ အာနန် ဦဆောင်တဲ့ ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးချက်တွေကို အပြည့်အဝ အကောင်အထည်ဖေါ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။

အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်လည်း တက်ရောက်ခဲ့ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org