လစ်လပ်နေတဲ့ တနင်္သာရီတိုင်း ဝန်ကြီး ၃ နေရာ အတည်ပြုခန့်အပ်


2019.03.26
tanintharyi-ministers-622.jpg တနင်္သာရီတိုင်း စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီး ဒေါ်ရီရီချို၊ စွမ်းအင်နဲ့ လျှပ်စစ်ဝန်ကြီး ဦးအောင်သူရနဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး တို့ကို တွေ့ရစဉ်
Photo: Kyaw Lwin OO/RFA

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က လစ်လပ်နေတဲ့ ဝန်ကြီး ၃ ဦးနေရာအတွက် တိုင်းဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းသူ ၃ဦးကို ဒီနေ့ တိုင်းဒေသကြီးလွှတ်တေ်ာမှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

စွမ်းအင်နဲ့ လျှပ်စစ်ဝန်ကြီးနေရာအတွက် တနင်္သာရီမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူရ၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနေရာကို ရေဖြူမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးနဲ့ စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီးနေရာကို မြိတ်မြို့နယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချို တို့ကို အတည်ပြုခန့်အပ်လိုက်တာပါ။

အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် နေရာကို သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် ကို ခန့်အပ်လိုက်တာကြောင့် အဲဒီဝန်ကြီးနေရာ လစ်လပ်ခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ စွမ်းအင်နဲ့ လျှပ်စစ်ဝန်ကြီး ဦးကြည်လှိုင်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့ကို နိုင်ငံတော်သမ္မတရုံးက မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုခဲ့တာကြောင့် ဝန်ကြီး ၂နေရာ ထပ်မံ လစ်လပ်ခဲ့တာပါ။

တနင်္သာရီတိုင်းလွှတ်တော်မှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အယောက် ၂၁ နဲ့ တပ်မတော်သား ကိုယ်စားလှယ် ၇ဦး ရှိပြီး ရွေးကောက်ခံကိုယ်စားလှယ်အားလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။