ဒေါက်တာအေးမောင် ဦးဆောင်တဲ့ “ရခိုင့်ဦးဆောင်ပါတီ" တည်ထောင်ခွင့် ရွေးကော်ခွင့်ပြု

နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဦးဆောင်ကြိုးပမ်းနေတဲ့ "ရခိုင့်ဦးဆောင်ပါတီ" တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ရခိုင့်ဦးဆောင်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းရဲ့ မဲဆွယ်ဆိုင်းပုဒ်ကို တွေ့ရစဉ် Photo: Tin Mg Win's Facebook

နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ  ဒေါက်တာအေးမောင် ဦးဆောင်ကြိုးပမ်းနေတဲ့ "ရခိုင့်ဦးဆောင်ပါတီ" တည်ထောင်ခွင့်ကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်နိုင်ရေးကိစ္စကို အချိန်နှစ်ပတ်အတွင်း ဆောင်ရွက်မှာဖြစ်တယ်လို့ ပါတီ တည်ထောင်လိုသူများရဲ့ ကိုယ်စားလှယ် ဦးစိုးဝင်းက RFA ကို ဒီနေ့ ပြောပါတယ်။

"ရခိုင့်ဦးဆောင်ဆိုတဲ့ ပါတီနာမည်နဲ့ ပါတီတည်ထောင်ခွင့်ပြုတယ်ပေါ့ဗျာ၊ အဲဒါကို အကြောင်းကြားလာပါတယ်။ ဒီအပတ်အစည်းအဝေးပြီးရင် ကျနော်တို့ စာရွက်စာတမ်းတွေပြင်ဆင်ပြီး အားလုံးပြီးသွားလို့ရှိရင် သူတို့ သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင် အစောပေါ့ဗျာ၊ ခပ်စောစောပေါ့ ဆယ့်ငါးရက်လောက်ဆိုရင်ပေါ့၊ အဲလောက် ဆိုရင် တင်ဖြစ်မယ်လို့ မှန်းထားပါတယ်"

ဒီအပတ်အတွင်း ပြုလုပ်မယ့် အစည်းအဝေးမှာ ပါတီရဲ့ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တစ်ဦးကို ရွေးချယ်ပြီး ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရေးကိစ္စကို အပြီးသတ် ဆောင်ရွက်မှာဖြစ်တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။

ကနဦးမှာ "အဖရခိုင်ပါတီ" အမည်နဲ့ ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ရာမှာ ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၃၁ ရက်နေ့က ငြင်းပယ်ခဲ့ပြီးနောက် "ရခိုင့်ဦးဆောင်ပါတီ"အမည်နဲ့ တည်ထောင်ဖို့ ထပ်မံလျှောက် ထားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီ ANP က နုတ်ထွက်ခွင့်ထွက်ခွင့် တင်ပြထားပြီး ပါတီသစ် တည်ထောင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အဲဒီပါတီသစ်မှာ သူ့ရဲ့သားဖြစ်သူကိုပါ ထည့်ထားတယ်လို့ သူ့ကို တရားရုံးထုတ်စဉ်မှာ ထုတ်ဖော်ပြောကြားထားပါတယ်။

"ရခိုင့်ဦးဆောင်ပါတီ" ပေါ်ပေါက်လာတာနဲ့ ပတ်သက်လို့ ဒေါက်တာအေးမောင်ကို ထောက်ခံသူတွေအကြားမှာ ကြိုဆိုမှုတွေရှိသလို ရခိုင်ပြည်နယ်မှာ ANP ပါတီသာ ရှိသင့်တယ်ဆိုတဲ့ အမြင်သဘောထားရှိသူတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org