ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးကို တပ်မတော်က ဖမ်းဆီးထား

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ခလရ (၃၄) တပ်ရင်းက လိပ်ခမော်ကျေးရွာ ဒေသခံ မောင်စိုးအောင်ကို ဇူလိုင်လ ၂၆ ရက်မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ တစ်နေရာကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ခလရ (၃၄) တပ်ရင်းက လိပ်ခမော်ကျေးရွာ ဒေသခံ မောင်စိုးအောင်ကို ဇူလိုင်လ ၂၆ ရက်မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၆ ရက် မနေ့က မနက်ပိုင်းမှာ လိပ်ခမော်ကျေးရွာက ဘုန်းကြီးကျောင်းမှာ စစ်သားတွေ စခန်းချပြီး မောင်စိုးအောင်အပါအဝင် လူငယ်လေးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ ညနေပိုင်းမှာ တခြားလူငယ်သုံးဦးကို ပြန်လွှတ်ပေးခဲ့ပြီး မောင်စိုးအောင်ကိုတော့  ခေါ်ဆောင်သွားကြောင်း  လုံခြုံရေးအရ အမည်မဖော် လိုတဲ့ လိပ်ခမော်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

ဘာကြောင့် အခုလိုခေါ်ယူစစ်ဆေးရသလဲဆိုတာကို တပ်မတော်ဘက်ကို သူတို့အနေနဲ့ မမေးရဲကြသလို ရွာမှာလည်း မနေရဲကြတော့တဲ့သူတွေက ပိုမိုလုံခြုံမယ်လို့ ယူဆရတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာရှိတဲ့ ဆွေမျိုးသားချင်းတွေဆီ သွားရောက် နေထိုင်ကြတယ်လို့ အဲဒီရွာသားက ပြောပါတယ်။

ရွာထဲဝင်လာတဲ့ စစ်သားအင်အား ၁၀၀ လောက်ရှိပြီး ရွာထဲက မသင်္ကာတဲ့ အိမ်တချို့ကို လည်း ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က မောင်စိုးအောင် အပါအဝင် ရွာသား လေးဦးကို တပ်မတော်က ဘာကြောင့် ခေါ်ယူ စစ်ဆေးတယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ရေနံဒွိန်ကျေးရွာက အမျိုး သမီးသုံးဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ကျောက်ဖြူရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org