တပ်မတော် သတင်းထုတ်ပြန်ရေး ဗိုလ်ချုပ်မှူးကြီးနဲ့ ထပ်တွေ့

တပ်မတော်ရဲ့သတင်းအချက်အလက်တွေ ထုတ်ပြန်နိုင်ဖို့အတွက် သတင်းသမားတွေနဲ့ မကြာခင် တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့တို့ တွေ့ဆုံခဲ့စဉ်။ Photo: Senior General Min Aung Hlaing Facebook

တပ်မတော်ရဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်နိုင်ဖို့ အတွက် သတင်းသမားတွေနဲ့ မကြာခင် တွေ့ဆုံဆွေးနွေး သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဒီနေ့ပြောလိုက်ပါတယ်။

နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ တာဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီ (ယာယီ) အဖဲ့ွဝင် စာရေးဆရာ ဦးဖေမြင့်က ပြောပါတယ်။

"အဲ့ဒီလို ပုံမှန်သတင်းရယူနိုင်အောင် ဆက်သွယ်ပြီး ယူလို့ရအောင် လုပ်မယ်ဆိုတဲ့အကြောင်းပြောတယ်၊ သတင်းသမားတွေနဲ့ တပ်မတော်က သတင်း ထုတ်ပြန်ရေးနဲ့ ပတ်သက်လို့ ထာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ နဲ့ ဆွေးနွေး မယ်၊ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမယ်လို့ပြောတယ်၊ မကြာခင်ပေါ့နော် တက်နိုင်သလောက်မြန်မြန် ဆန်ဆန် ရန်ကုန်မှာ သတင်းသမားတွေနဲ့ တပ်မတော်ဘက်က ပုဂ္ဂိုလ်တွေနဲ့ လုပ်ကြမယ်ဆိုပြီးတော့ အဲ့ဒါ ကိုတော့ပြောတယ်"

သတင်းသမားတွေအနေနဲ့ တိုက်ပွဲသတင်းတွေ ဖော်ပြတဲ့အခါ တပ်မတော်ဘက်က သတင်းအချက်အလက် ရရှိဖို့ခက် ခဲနေတာတွေကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်တွေက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်က ကိုယ်စားလှယ် ၁ဝ ဦးနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ၉  ဦးဟာ လေးနာရီကြာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖဲ့ွဝင်တွေ ပထမဦးဆုံးအကြိမ် တေ့ွဆုံစဉ်မှာ တပ်မတော်က သတင်းတွေကို ထုတ်ပြန်ပေးဖို့အတွက် တပ်မတော်အရာရှိ  ၃ ဦးကို တာဝန်ပေးထားပေမယ့် လက်ရှိမှာ သတင်းမီဒီယာတွေအနေနဲ့ သတင်းအချက်အလက်ရယူဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org