အင်းမတီး ဘုန်းကြီးကျောင်း စစ်တပ်က ဖျက်ဆီး
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က အဖျက်ခံလိုက်ရတဲ့ အင်းမတီး ရွာသားတွေ ခေတ္တခိုလှုံနေတဲ့ ကမ္မဌာန်းဘုန်းကြီးကျောင်း ကို ဒေသခံစစ်တပ်က ပြီးခဲ့တဲ့ရက်က ဝင်ရောက်ဖျက်ဆီး လိုက်တယ်လို့ သိရပါတယ်။
-
2014-03-04 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လ ၄ ရက်နေ့က အဖျက်ခံလိုက်ရတဲ့ အင်းမတီး ရွာသားတွေ ခေတ္တခိုလှုံနေတဲ့ ကမ္မဌာန်း ဘုန်းကြီးကျောင်းကို ဒေသခံစစ်တပ်က ပြီးခဲ့တဲ့ရက်က ဝင်ရောက်ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
ဒါကြောင့် အင်းမတီးရွာသား ကလေး၊ လူကြီး အယောက် ၁ ရာကျော်ဟာ အဲဒီအနီးကတောစပ် မှာ မြေစိုက်ယာယီတဲတွေနဲ့နေထိုင်နေကြပြီး၊ ကမ္မဌာန်းကျောင်းမှာ သီတင်းသုံးတဲ့ သံဃာတော် ၂ ပါးလဲ သူတို့နဲ့အတူ ယာယီသီတင်းသုံး နေထိုင်နေ ရတယ်လို့ သိရပါတယ်။
လောလောဆယ်မှာ သမီးလေးရွာသားတွေ ပြန်ပြီး မျှဝေထားတဲ့ ဆန်နဲ့အခြားစားသောက်ရိက္ခာတချို့ပဲ သူတို့ဆီမှာရှိပြီး၊ အခြားကူညီမယ့်သူမရှိဘူး လို့ရွာသားတွေကပြောပါတယ်။
ကမ္မဌာန်းကျောင်းအဖျက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အင်းမတီးရွာသား ဦးမောင်ချစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားပါတယ်။