ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက် သူများ အမျိုးမျိုးနှောက်ယှက်ခံရ

ကချင်ပြည်နယ်မှာ စစ်ပွဲဘေး ဒုက္ခသည်တွေကို အကူအညီပေးဖို့ သွားရောက်ခဲ့တဲ့ မြန်မာ့ လူမှုဘ၀ ဖွံဖြိုးတိုးတက်ရေး ကွန်ရက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ မနေ့က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကနေ ပြန်လာခဲ့ရာ အနှောက်အယှက်တွေ ကြုံခဲ့ရပါတယ်။

ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ မြန်မာ့လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ကို ဗန်းမော်မြို့တွင်တွေ့ရစဉ်

ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ KIO အဖွဲ့ရဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ လွန်ခဲ့တဲ့အပတ်အတွင်းက သွားရောက်ခဲ့တဲ့ မြန်မာ့လူမှုဘ၀ ဖွံဖြိုးတိုးတက်ရေး ကွန်ရက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ မနေ့က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကနေ ပြန်လာခဲ့ပါတယ်။

အပြန်လမ်းမှာ အစိုးရစစ်တပ် နယ်မြေကိုအဖြတ်မှာ သူတို့မော်တော်ကား ထားခဲ့တဲ့နေရာကို ပြန်လာလို့မရအောင် အဲဒီမှာရှိတဲ့ အစိုးရတပ်ဖွဲ့ဝင်တချို့က မိုင်းများချထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ ကားရပ်ထားတဲ့နေရာကို တံတားပေါ်က မဖြတ်တော့ပဲ ချောင်းဘေးကပတ်ပြီး သွားတယ်လို့သိရပါတယ်။  ကားရပ်ထားတဲ့နေရာကို ပြန်ရောက်ချိန်မှာ သူတို့ကားကို စက်နှိုးလို့မရအောင ်ဘက်ထရီကြိုးတွေ ဖြုတ်ထားတာ တွေ့ကြရတယ်လို့ ဆိုပါတယ်။

အခုလို သူတွေ့ကြုံခဲ့ရတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org