ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ထဲက TNLA တအာန်းပလောင်အဖွဲ့ တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ထဲက TNLA တအာန်းပလောင်အဖွဲ့တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကွတ်ခိုင်မြို့နယ် မုန်းစီးရွာနားက ပန်ဆပ်ရွာနဲ့ ကျောက်မြန်းရွာကြားမှာ ဖြစ်ပွားခဲ့တာလို့ TNLA အဖွဲ့က ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

''မနေ့က ညနေ ၄ နာရီခွဲကနေ ၅ နာရီလောက် နာရီဝက်လောက်ကြာတာပေါ့နော်၊ ဖြစ်တဲ့နေရာ ကတော့ ကွတ်ခိုင်မြို့နယ် မုန်းစီးအနီးက ပန်ဆပ်ရွာနဲ့ ကျောက်မြန်းရွာကြားမှာဖြစ်တာ၊ မြောက်ပိုင်း မဟာမိတ် ကျနော်တို့ တပ်နဲ့ဖြစ်တာပါ၊ တပ်မတော်ဘက်က တပ်မ ၇၇ လက်အောက်ခံတပ်တွေလို့ သိရတယ်''

မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲက KIA အဖွဲ့ကို အစိုးရနဲ့ ရန်ကုန်မှာ သီးသန့်တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ငြိမ်းချမ်းရေးကော်မရှင်က စာပေးပို့ထားကြောင်း KIA က ဗိုလ်ချုပ် ဂွမ်မော်က မကြာသေးခင်ရက်ပိုင်း က ပြောထားပါတယ်။

ကျန်တဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိစ္စကတော့ မထူးခြားသေးဘူးလို့ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်ကြတဲ့ KIA၊  MNDAA၊  TNLA နဲ့ AA အဖွဲ့တို့ဟာ NCA တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org