စစ်တပ်နဲ့ ကုမ္ပဏီသိမ်း လယ်ယာမြေ သုံးသိန်းကျော် ပြန်ပေးမည်
ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအတော်များများနဲ့ ကုမ္ပဏီတွေ က သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေထဲ က ဧက ၃ သိန်းကျော်ကို တောင်သူတွေထံ လွှဲပြောင်းပေး မှာဖြစ်တယ်လို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင် တဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
-
2014-12-19 -
-
-
Your browser doesn’t support HTML5 audio
ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အတော်များများနဲ့ ကုမ္ပဏီတွေက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေထဲက ဧက ၃ သိန်းကျော်ကို တောင် သူတွေထံ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်တဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြန်လည်လွှဲပြောင်းမယ့် လယ်ယာမြေဧက ၃ သိန်းကျော်ထဲက ၁ သိန်း ၄သောင်းကျော်ကို သက်ဆိုင်ရာ မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးရုံးတွေထံ လွဲှပြောင်းခဲ့ပြီဖြစ်ပြီး ဧက ၁ သိန်း ၆သောင်းကျော် လွဲှပြောင်းပေးဖို့ ကျန်နေသေးတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ လယ်သမားတွေ အနေနဲ့ လွဲှပြောင်းမယ့် လယ်ယာမြေတွေထဲမှာ မိမိတို့မြေတွေ ပါဝင်မှု ရှိ မရှိကို သက်ဆိုင်ရာ မြေအသုံးချမှု စီမံခန့်ခွဲရေးရုံးတွေမှာ စုံစမ်းပြီး မြေပိုင်ဆိုင်ခွင့် အထောက်အထားတွေနဲ့တကွ လွဲှပြောင်းရယူနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။