တပ်မတော်နဲ့ အစိုးရကို ကချင်အမျိုးသားအစည်းအရုံး ဝေဖန်

ကချင်အမျိုးသားအစည်းအရုံး KNO က မြန်မာ့တပ်မတော်ရဲ့ ကချင်ပြည်နယ်အပါအဝင် နိုင်ငံ အနှံ့အပြားမှာ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေကို ရှုတ်ချကြောင်းနဲ့ လက်ရှိအစိုးရကလည်း တပ်မတော်ရဲ့လုပ်ရပ်တွေကို ကာကွယ်ပေးနေကြောင်း မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး စွပ်စွဲပြောကြားလိုက်ပါတယ်။

လွတ်လပ်ရေးနေ့မှာ စစ်ရေးပြနေတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ်

ကချင်အမျိုးသားအစည်းအရုံး KNO က မြန်မာ့တပ်မတော်ရဲ့ ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေကို ရှုတ်ချကြောင်းနဲ့ လက်ရှိအစိုးရကလည်း တပ်မတော်ရဲ့လုပ်ရပ်တွေကို ကာကွယ်ပေးနေကြောင်း မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး စွပ်စွဲပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအနေနဲ့ မြန်မာ့တပ်မတော်ကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖို့ တာဝန်ရှိ တယ်လို့ ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ Duwa Bawmwang Laraw ဒူးဝါး ဘောင်ဝမ် လာရော် က RFA ကိုပြောပါတယ်။

ကချင်အမျိုးသားအစည်းအရုံးရဲ့ ကြေညာချက်မှာ မြန်မာ့တပ်မတော်ကို အစိုးရက မထိန်းသိမ်းနိုင်ရင် လူထုအုံကြွမှုဖြစ်လာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။ ဒီကြေညာချက်ကို မြန်မာအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေထံ ပေးပို့ထားတယ်လို့လည်း KNO ဥက္ကဌက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org