တပ်မတော်ခုံရုံးအဖွဲ့ ဘူးသီးတောင်မြို့နယ်ထဲ ကွင်းဆင်းစစ်ဆေးခဲ့

၂၀၁၇ ခုနှစ် သြဂုတ်လက အာဆာအကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးခုံအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကစပြီး ဘူးသီးတောင်မြို့နယ်ထဲ ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: ARSA Twitter

၂၀၁၇ ခုနှစ် သြဂုတ်လက အာဆာအကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်က ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးရေးခုံအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကစပြီး ဘူးသီးတောင်မြို့နယ်ထဲ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့တယ် လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်နည်းဥပဒေတွေနဲ့အညီ ဖွဲ့စည်းခဲ့တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံး Court of Inquiry အဖွဲ့ဟာ ဘူးသီးတောင်နယ်မြေ ကွပ်ကဲမှုဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်းသုံးခု၊ အကျဉ်းထောင်တစ်ခုနဲ့ ကျေးရွာငါးရွာတို့ကို သွားရောက်ပြီး စုံစမ်းစစ်ဆေးခဲ့တာလို့ တပ်မတော်ရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

တပ်မတော်စုံစမ်းစစ်ဆေးရေးခုံအဖွဲ့ဟာ ဇွန်လ ၃ ရက်နေ့မှာ နေပြည်တော်ကို ပြန်လည်ရောက်ရှိခဲ့ပြီး ဥပဒေ အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို ရယူဆောင်ရွက်ခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမယ် လို့လည်း ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org