စစ်ဘက် ရာထူးအခေါ်အဝေါ်တွေ တခြားသူတွေအတွက် သုံးခွင့် မရှိကြောင်း တပ်မတော်ထုတ်ပြန်
တပ်မတော် စစ်မှုထမ်းတွေသာ သုံးစွဲခွင့်ရှိ တဲ့ စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်တွေကို တခြား အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး ခေါ်ဝေါ် သုံးစွဲတာ ရေးသားဖော်ပြတာတွေ မလုပ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သဘော ထားထုတ်ပြန်လိုက်ပါတယ်။
-
2017-07-26 -
-
-
တပ်မတော် စစ်မှုထမ်းတွေသာ သုံးစွဲခွင့်ရှိတဲ့ စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်တွေကို တခြား အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး ခေါ်ဝေါ် သုံးစွဲတာ ရေးသားဖော်ပြတာတွေ မလုပ်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သဘောထားထုတ်ပြန်လိုက်ပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့မှာ ဇူလိုင်လ ၂၂ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားတဲ့သတင်းကို အစိုးရထုတ် ကြေးမုံ သတင်းစာ အပါအဝင် သတင်းစာ၊ ဂျာနယ်တချို့ က ဖော်ပြရာမှာ “လဝါယန် ပြည်သူ့စစ်အဖွဲ့က ဗိုလ်မှူးနော် ဆန်း” သေဆုံးခဲ့တယ်လို့ ရေးသားကြတာနဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန်လိုက်တာပါ။
အစိုးရက တရားဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ ရာထူးအဆင့် သီးခြား မသတ်မှတ်ထားဘဲ၊ အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင် စသဖြင့်သာ ခေါ်ဝေါ် သုံးစွဲတယ်လို့ ဆိုပါတယ်။
စစ်ဘက်ရာထူးအဆင့်တွေနဲ့ ပတ်သက်လို့ နဝတ အစိုးရလက်ထက် ၁၉၈၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ၂ဝ၁၄ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော် က ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့အကြောင်း၊ ဒါကြောင့် အဲဒီဥပဒေအရ တပ်မတော် ကြည်းရေလေ စစ်မှုထမ်းတွေသာ သုံးစွဲခွင့်ရှိတဲ့ ရာထူး၊ အဆင့် အခေါ် အဝေါ်တွေကို တခြားမသက်ဆိုင်တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေရဲ့ ကိစ္စရပ်တွေမှာ မသုံးစွဲဖို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။