သာကေတမှာ မူးယစ်ဆေး အမြောက်အမြားနဲ့ လက်နက်တွေ ဖမ်းမိ

ရန်ကုန်တိုင်း သာကေတမြို့နယ် ၆ ရပ်ကွက်နဲ့ ၉ ရပ် ကွက်တွေမှာ လက်နက်နဲ့ မူးယစ်ဆေးဝါးအမြောက်အများ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း သာကေတမြို့နယ်က နေအိမ်တစ်ခုမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေကို တွေ့ရစဉ် Photo: MOI

ရန်ကုန်တိုင်း သာကေတမြို့နယ် ၆ ရပ်ကွက်နဲ့ ၉ ရပ်ကွက်တွေမှာ လက်နက်နဲ့ မူးယစ်ဆေးဝါးအမြောက်အများ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လည် ၃ နာရီလောက်က သာကေတမြို့နယ် ၆ အနောက်ရပ်ကွက် ၇ ဈေးလမ်းမကြီးဘေးက အိမ်တစ် အိမ်နဲ့ ၉ ရပ်ကွက် ကမာကြည်လမ်းပေါ်က အိမ်တွေမှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

‘’မူးယစ်အဖွဲ့က ဖမ်းပြီးခေါ်သွားတယ်ဗျ၊ လူရောပစ္စည်းတွေရော အကုန်ဖမ်းခေါ်သွားတယ်လေနော်၊ ပစ္စည်းတွေက ဟိုမှာပဲရေမှာပေါ့နော်၊ ၆ အနောက်က ၇ ဈေးလမ်းမပေါ် ဈေးရှေ့မှာပေါ့၊ ၉ ရပ်ကွက်က အဝိုင်းနားမှာပေါ့၊ ကမာကြည်လမ်းပေါ်ပေါ့၊ လူက ၈ ယောက်ခေါ်သွားတာပေါ့နော်၊’’

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ လူ ၈ ယောက်ကိုလည်း ရန်ကုန်တိုင်း မူးယစ်အထူးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးပမာဏနဲ့ ဘယ်လိုမူးယစ်ဆေးအမျိုးအစားတွေဖြစ်တယ်ဆိုတာကိုတော့ အတိအကျမသိရသေးဘူးလို့ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

အခုလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး သာကေတမြို့နယ်ရဲစခန်း၊ ရန်ကုန်တိုင်း မူးယစ်အထူးတပ်ဖွဲ့က တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အသေးစိတ်ဖြေကြားခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org