စစ်အာဏာသိမ်း ၁၀ လအတွင်း NLD ပါတီဝင် ၅၇၃ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁ ရက် ဒီနေ့အထိ စစ်အာဏာသိမ်းတဲ့ ၁၀ လအတွင်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၅၇၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

နေပြည်တော်မှာ ၂၀၁၉၊ ဇူလိုင် ၂၁ ရက်နေ့က ကျင်းပတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် တွေ့ဆုံပွဲကို တွေ့ရစဉ်

ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁ ရက် ဒီနေ့အထိ စစ်အာဏာသိမ်းတဲ့ ၁၀ လအတွင်း ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၅၇၃ ဦး ဖမ်းဆီးထိန်းသိမ်း ခံရတယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲက ၁၂၈ ဦး ပြန်လည်လွတ်မြောက်လာပေမယ့် ၄၃၂ ဦးကတော့ ဖမ်းဆီးအကျဉ်းကျခံနေရဆဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ သေဆုံးသူ ရှစ်ဦး ရှိပြီး အကျဉ်းကျ ခံနေရစဉ် သေဆုံးသူ လေးဦးနဲ့ ပြန်လွတ်မြောက်လာပြီး လပိုင်းအတွင်း သေဆုံးသူ တစ်ဦးရှိတယ်လို့လည်း ဖော်ပြပါတယ်။

ရန်ကုန်ပါတီရုံးချုပ်အပါအဝင် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းမှာရှိတဲ့ ပါတီရုံးတွေ ဖောက်ခွဲဖျက်ဆီး ခံရတာ ၇၅ ကြိမ်အထိ ရှိခဲ့တယ်လို့လည်း ပါတီဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ ပါတီဝန်းရံသူတွေရဲ့ နေအိမ်နဲ့ အဆောက်အအုံတွေကို ဉပဒေမဲ့ ဝင်ရောက်ပြီး ပစ္စည်းများ သိမ်းဆည်း တာ၊ ဖျက်ဆီးမီးရှို့တာတွေ ကျူးလွန်ခဲ့တဲ့အပြင် နေအိမ် ချိတ်ပိတ်ခံရသူပေါင်း (၅၇) ယောက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ NLD ပါတီကို ပစ်မှတ်ထားပြီး ဆောင်ရွက်နေတာမဟုတ်ဘူးလို့ ငြင်းဆန်ထားပေမယ့် ပါတီဖျက်သိမ်းခံရနိုင်ချေ ရှိ၊ မရှိဆိုတာကိုတော့ ပြောလို့မရသေးဘူးလို့ RFA ကို ပြောဆိုခဲ့ဖူးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org