မြဝတီမြို့ ABSDF ဆက်ဆံရေးရုံးအဖွဲ့ဝင်တွေ အဖမ်းခံရ

ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဆက်ဆံရေးရုံးအဖွဲ့ဝင်တွေကို နိုဝင်ဘာလ ၂ ရက် မနေ့ညနေပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ABSDF နဲ့နီးစပ်သူတွေကို ကိုးကားပြီး ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ABSDF တပ်ဖွဲ့ဝင်တွေကို ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားမှာ တွေ့ရစဉ်

ကရင်ပြည်နယ် မြ၀တီမြို့မှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဆက်ဆံရေးရုံးအဖွဲ့ဝင်တွေကို နိုဝင်ဘာလ ၂ ရက် မနေ့ညနေပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ ABSDF နဲ့နီးစပ်သူတွေကို ကိုးကားပြီး ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

မြဝတီမြို့ဆက်ဆံရေးရုံးတာဝန်ခံ ကိုအောင်ဘော် အပါအဝင် အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုခင်မောင်ဝင်း၊ ကိုစိုးတင့်နဲ့ ကိုကပ္ပလီတို့ကို ဖမ်းခေါ်သွားတာဖြစ်ပြီး မြ၀တီမြို့အခြေစိုက် စစ်ကောင်စီရဲ့တပ်ရင်းတစ်ခုမှာ ဖမ်းထားတာ လို့ ဆိုပါတယ်။

ABSDF အထွေထွေအတွင်းရေးမှူး ကိုဆန်နီကတော့ ဒီကိစ္စကို သေချာမသိသေးတာကြောင့် စုံစမ်းနေဆဲ ဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတွေကို ဖြေဆိုထားသလို RFA အနေနဲ့လည်း ပြောခွင့်ရသူတွေကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ခြောက်နှစ်ပြည့်အခမ်းအနားကို ABSDF အဖွဲ့အနေနဲ့ တက်ရောက်ခဲ့တာကြောင့် ပြည်သူတွေနဲ့ တော်လှန်ရေး အင်အားစုတွေအကြား ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ NCA နှစ်ပတ်လည်နေ့တက်ရောက်တာဟာ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ တက်ရောက် ခဲ့သူ ဦးမင်းဇော်ရဲ့ သဘောထားသာ ဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းထားသလို နိုဝင်ဘာလ ၁ ရက်နေ့ ABSDF တည်ထောင်ခြင်း ၃၃ နှစ်ပြည့် ထုတ်ပြန်ချက်မှာလည်း စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ အင်အားစုတွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ABSDF ဟာ ၁၉၈၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့အဖွဲ့ဖြစ်ကာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ကတည်းက NCA စာချုပ်မှာလက်မှတ်ရေးထိုးပြီး ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org